Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သထုံခရိုင်ထဲက စစ်ဘေးရှောင် သုံးထောင်ကျော်အတွက် အကူအညီတွေလိုအပ်နေ

အခုချိန်ဟာ မိုးတွင်းကာလဖြစ်လို့ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အခက်အခဲများစွာကြုံတွေ့နေရကြောင်း ကေအဲန်ယူ သထုံမြို့နယ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သထုံးခရိုင် စစ်ဘေးရှောင်
သထုံးခရိုင် စစ်ဘေးရှောင်

ကေအဲန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ ၁ သထုံခရိုင်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့အဆက်မပြတ် ပစ်ခတ်မှုကြောင့် ကျေးရွာလေးရွာက ဒေသခံပြည်သူ(၃၀၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဇွန်လ ၁ ရက်နေ့ကစပြီး ဒီကနေ့ ဇွန် ၉ ရက်အထိ စစ်ကောင်စီရဲ့ ခမရ(၉)ဝီယော်စခန်းကနေ လက်နက်ကြီးတွေနဲ့အဆက်မပြတ် ပစ်ခတ်မှုတွေကြောင့် ကေအဲန်ယူ-သထုံမြို့နယ် ဝီယော်ကျေးနယ်အုပ်စုရှိ ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေးနဲ့ ထုံဘိုးကြီးကျေးရွာလေးရွာက ဒေသခံပြည်သူ(၃၀၀၀) ကျော်ဟာ အနီးအနားကျေးရွာက ဆွေမျိုးများထံ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တချို့ကတော့ နီးစပ်ရာမြို့တွေမှာ သွားရောက်ခိုလှုံနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုချိန်ဟာ မိုးတွင်းကာလဖြစ်လို့ တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ အခက်အခဲများစွာကြုံတွေ့နေရကြောင်း ကေအဲန်ယူ သထုံမြို့နယ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“မိုးတွင်းဆိုတော့ နေရာထိုင်ခင်းအခက်အခဲ၊ မိုးလုံ၊ အခြေခံအစားအစာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးများ အရေးပေါ်လိုအပ်တယ် ခြင်လည်းပေါတော့ တုတ်ကွေးလည်းကြောက်ရတယ်” လို့ အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။

သထုံးခရိုင် စစ်ဘေးရှောင်
သထုံးခရိုင် စစ်ဘေးရှောင်

ကေအဲန်ယူ-သထုံမြို့နယ်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှု မကြာခဏရှိနေပြီး ဇွန် ၁ ရက်နေ့ကစတင်ကာ ဝီယော်ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခမရ(၉) တပ်စခန်းကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတာဟာ ဒီကနေ့အချိန်အထိဖြစ်တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ခင်ဦးမြို့နယ်သည်လတ်တလောတွင်စစ်ကောင်စီ၏အကြမ်းဖက်ဖျက်ဆီးမှုကိုဆိုးရွားစွာရင်ဆိုင်နေရပြီးသာဂရ ရွာသာမကမြင်းဒေါင်း၊မြို့သစ်၊ဂွေးကုန်းရွာဒေသခံများလည်းထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများကပြောသည်။

သတင်း

ရှုပ်ထွေးသော လုံခြုံရေးအခြေအနေကြောင့် အကူအညီပေး‌ခွင့် ကန့်သတ်မှုများရှိသည့်ကြားမှ အကျိုးခံစားခွင့်ရှိသူများ အမြောက်အများထံ ရိက္ခာအထောက်အပံ့များကို ကြိုးစားဖြန့်ဖြူး‌ ပေးဝေနေကြောင်း WFP ကဆိုသည်။

သတင်း

မေ ၂၉ ရက်က ကေအဲန်ယူ-ကျုံဒိုးမြို့နယ် လောင်းကိုင်ကျေးရွာအုပ်စုထဲက ကော့ဖောင်း၊ မိထလန်းနိုင်နဲ့ ကမော့ကသူကျေးရွာသုံးရွာက အိမ်ခြေ (၃၆၀)အတွက် တစ်အိမ်ကို ၂၀ ပြည်ဝင် ဆန်အိတ်တစ်အိတ်နှုန်းနဲ့ သွားရောက်ဝေငှပေးခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း

နွေဦးတော်လှန်ရေးအတွက် လက်နက်ဆွဲကိုင်တော်လှန်ခဲ့သည့်အချိန်မှစ၍ လက်ရှိကာလအထိ ခင်ဦးနယ်တွင် ကျေးရွာပေါင်း ၃ဝကျော်မှ ဘာသာရေးအဆောက်အဦအချို့အပါအဝင် နေအိမ်ပေါင်း ၁ ၃၀၀ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။