Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သထုံထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းက တပ်ဖွဲ့ဝင်တွေက အရပ်သားတစ်ဦးကို ပစ်သတ်ပြီး တစ်ဦးကိုဖမ်းဆီးထား

ဒဏ်ရာရရှိသွားတဲ့ စောသန်းလေးကို နီးစပ်ရာပြည်သူတွေက သထုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးဝါးကုသပေးခဲ့ပေမယ့် နောက်နေ့ ဇွန်လ (၃) ရက်နေ့ မနက်အစောပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သထုံ
သထုံ

သထုံမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ဝီယော်တပ်စခန်းက တပ်ဖွဲ့ဝင်တွေဟာ သွားလာနေတဲ့အရပ်သားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး တစ်ဦးကို ဖမ်းဆီးထားတယ်လို့ ကေအဲန်ယူ သထုံမြို့နယ် သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ရှိသူထံကနေ သိရပါတယ်။

ဇွန်လ (၂)ရက်က လေးကေကျေးရွာနေ အသက် (၃၅)နှစ်အရွယ်ရှိစောသန်းလေးကို စစ်ကောင်စီရဲ့ ခမရ(၉) လက်အောက်ခံတပ်ဖွဲ့ဝင်တွေက ဝီယော်ကျေးရွာ တံတားမှာ သေနတ်နဲ့ပစ်ခတ်လို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာပါ။

ဒဏ်ရာရရှိသွားတဲ့ စောသန်းလေးကို နီးစပ်ရာပြည်သူတွေက သထုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးဝါးကုသပေးခဲ့ပေမယ့် နောက်နေ့ ဇွန်လ (၃) ရက်နေ့ မနက်အစောပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန်လ(၂) ရက် မနက် ၈ နာရီခွဲခန့်မှာလည်း ကေအဲန်ယူ-သထုံမြို့နယ်၊ ပနကူးထီး ကျေးရွာသား စောကြည်ဟာ ဆိုင်ကယ်မောင်းနှင်လာစဉ် ဝီယော်ကျေးရွာအတွင်းမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီ ခမရ (၉) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူက ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ပြန်မလွှတ်ပေးပါက သထုံမြို့နယ်အတွင်းရှိ ထုံးဘိုကြီးနဲ့ ထုံးဘိုလေးကျေးရွာနှစ်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျတ်ဆီးပစ်မယ်လို့ စစ်ကောင်စီ ခမရ (၉) တပ်ရင်းမှူးက ခြိမ်းခြောက်မှုတွေရှိခဲ့ပြီး လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအဲန်ယူဆီကနေ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဘုန်းကြီးကျောင်း မီးလောင်သည်ကို ဒေသခံများက မီးငြှိမ်းသတ်မှုအ​ပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခြင်းဖြစ်သည်။

သတင်း

တိုက်ခိုက်ရာတွင် ရှေ့ထွက်မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းနှစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီယာဥ်တန်းမှ ကားတစ်စီးပျက်စီးသွားကာ ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရသွားပြီး အသေအပျောက်မသိရသေးကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီ တပ်စွဲထားသော ပြည်ခိုင်ဖြိုးရုံး၊ စခန်းလိုင်းခန်း၊ ဘောလုံးကွင်းဖ indoor စခန်းဘန်ကာများ ကင်းပုန်းရှိရာနေများ မြို့နယ်မှူးအိမ်ယာ နှင့်တခြားနေရာများသို့ အသီးသီး လက်နက်ကြီးများ ထိမှန် ကျရောက်ခဲ့သည်ဟု SPDFက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇွန်လ ၁ရက်မှစကာ လက်နက် ကြီးများဖြင့် နေ့စဉ် အဆက်မပြတ်ပစ်ခတ်နေကြောင်း၊ ထို့ကြောင့် ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေး၊ ထုံးဘိုကြီး ရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။