Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတောင်မှဆင်းလာသည့် အစီး၁၀၀ ကျော်ပါ စစ်ကောင်စီယာဥ်တန်း ယင်းမာပင်နယ်ကိုဖြတ်ပြီ

မုံရွာအခြေစိုက် စစ်ကောင်စီတပ်ဌာနချုပ်တစ်ခုဖြစ်သော နမခတပ်မှလည်း ထိုယာဥ်တန်းအားစောင့်ကြိုရန် ယနေ့နံနက် ၆ နာရီခန့်မှစပြီး ပုသိမ် – မုံရွာလမ်းပိုင်း၌ အင်အားအပြည့်ပါသော ယာဥ်ခြောက်စီးဖြင့် လမ်းကြောင်းရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

(မ​ကွေးတိုင်း ​ကျောက်ထု​လေဆိပ်မှ ချင်းပြည်နယ်သို့ သွား​ရောက်​သော စစ်​ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl - Mindat)
(မ​ကွေးတိုင်း ​ကျောက်ထု​လေဆိပ်မှ ချင်းပြည်နယ်သို့ သွား​ရောက်​သော စစ်​ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl - Mindat)

▪️ပြည်သူများသတိပြုနေထိုင်ကြရန် PDFများအသိပေး

ချင်းတောင်မှ ဆင်းလာသည့် အစီး၁၀၀ကျော်ပါ စစ်ကောင်စီယာဥ်တန်းသည် ပုလဲမြို့နယ်မှတစ်ဆင့် ယင်းမာပင်နယ်သို့ ဖြတ်သန်းဝင်ရောက်နေပြီဖြစ်ပြီး လမ်းဘေးဝဲယာရှိ ဒေသခံပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များက အသိပေးသည်။

ဇွန်လ ၁၅ရက်တွင် ပုလဲမြို့မှ စထွက်လာသော အဆိုပါယာဥ်တန်းသည် ၎င်းတို့ဖြတ်သန်းသွားသော ပုလဲ – ယင်းမာပင် – မုံရွာလမ်းပိုင်းရှိ အနီးဝန်းကျင်ရှိ ကျေးရွာများသို့ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းအပြင် ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်ဟု PDF တပ်ဖွဲ့များက ပြော သည်။

“စကစယာဥ်တန်းက ပုလဲနယ်ကိုဖြတ်ပြီး ဒီက နေ့(ဇွန် ၁၅)မှာ ယင်းမာပင်ထဲစရောက်ပြီဗျ။ အစီးရေ ၁၀၀ ကျော်ပါတယ်။ တပ်ပြောင်းတာလို့ သိထားရတယ်။ လမ်းမှာတွေ့သမျှ ပစ္စည်းတွေသယ်တယ်။ မနိုင်တဲ့ဟာကို ဖျက်ဆီးထား ခဲ့တယ်။ မပြေးနိုင်တဲ့ သက်ကြီးပိုင်းတွေကို သတ်ထားခဲ့တာမျိုးလည်း ရှိတယ်ဗျ”ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ယာဥ်တန်းသည် ယနေ့(ဇွန် ၁၆)နံနက် ၁၀ နာရီခန့်တွင် ယင်းမာပင်နယ် လည်ငေါက်ရွာသို့ ရောက်ရှိနေပြီဖြစ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပရိဘောဂများနှင့် အတွင်းပစ္စည်းများကို အနိုင့်ကျင့်ယူငင်မှုများကျူးလွန်နေကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက အသိပေးထုတ်ပြန်သည်။

ထို့အပြင် လည်ငေါက်မရောက်မီ သရက်ကန်ကျေးရွာအားဖြတ်လာစဥ် ယာဥ်တန်းပါ စစ်ကောင်စီတပ်များက ဒေသခံအမျိုးသားသုံးဦးကို ယာဥ်တန်းနှင့်အတူ ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယင်းမာပင်မြို့သို့ ဦးတည်ထွက်ခွာနေသည်ဟု ဆိုသည်။

မုံရွာအခြေစိုက် စစ်ကောင်စီတပ်ဌာနချုပ်တစ်ခုဖြစ်သော နမခတပ်မှလည်း ထိုယာဥ်တန်းအားစောင့်ကြိုရန် ယနေ့နံနက် ၆ နာရီခန့်မှစပြီး ပုသိမ် – မုံရွာလမ်းပိုင်း၌ အင်အားအပြည့်ပါသော ယာဥ်ခြောက်စီးဖြင့် လမ်းကြောင်းရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ချင်းတောက်ဘက်မှ တပ်ပြောင်းလာသော အထက်ပါယာဥ်တန်းတွင် ဆက်သွယ်ရေးစနစ်အားဖြတ်တောက်သည့် Jumper စက်များ၊ မိုင်းရှာခွေးများလည်းပါဝင်ပြီး ၎င်းတို့ယာဥ်တန်းဖြတ်သန်းသွားသောလမ်းကြောင်းတစ် လျှောက် ယာဥ်တန်းနှင့်တစ်မိုင်ပတ်လည်ကို ဖုန်းလိုင်းများဖြတ်တောက်လေ့ရှိကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ရေးအခြေအနေကြောင့် ဒေသခံပြည်သူများ အနေဖြင့် သတိရှိစွာသွားလာနေထိုင်ရန်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သတိပေးချက်များကို လိုက်နာပေးရန်လည်း တိုက်တွန်းသည်။

သတင်း

စစ်​ကောင်စီခန့်​ကျေးရွာအုပ်ချုပ်​ရေးမှူးကိုပစ်ခတ်ရှင်းလင်းခြင်းကိုဖျာပုံခရိုင် ဧရာဗေဒါတပ်ပေါင်းစုနှင့်အတူဗိုလ်ငမန်းဦးဆောင်သောဧရာ၀တီတိုက်ငမန်းပြောက်ကျားတပ်ဖွဲ့ ၊ကျိုက်လတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုပါရှိသည်။

သတင်း

အကြမ်းဖက် စစ်ကောင်စီနှင့်အတူ အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့သူများအားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်စွာ တုံ့ပြန်အရေးယူမည်ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာသည်အထိ ပြည်သူ လူထုတစ်ရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သတင်း

တိုက်ပွဲဖြစ်စဥ်များအရ ဇွန်လ ၁၂ ရက် နေ့လည် ၁ နာရီခန့်က မင်းတိုင်ပင်ကျေးရွာဘက်မှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို မင်းတိုင်ပင်နှင့် လက်ပုကန်ကျေးရွာအကြားတွင် ပထမတစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။