Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာ​​တော်မြို့နယ်မှမုံရွာနှင့်​ရွှေဘိုမြို့များသို့ဆက်သွယ်ထား​​သောလမ်းများယ​နေ့သွားလာခြင်းမပြုရန်PDFသတိ​ပေး

အကြမ်းဖက်စစ်ကောင်စီ တပ်သားများခရီးသွားပြည်သူများ၏ ကားများအား တားဆီး၍ အရပ်သားပြည်သူများနှင့်ရောနှောလိုက်ပါနေခြင်းကြောင့် ယနေ့ တစ်ရက် ခေတ္တလမ်းအသုံးမပြုရန်မေတ္တာရပ်ခံသည်ဟု​ဖော်ပြထားသည်။

(မုံရွာ-မန္တလေးလမ်းပေါ် ဖြတ်သန်းသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တစ်စီး။ ။ဓါတ်ပုံ-CJ)
(မုံရွာ-မန္တလေးလမ်းပေါ် ဖြတ်သန်းသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တစ်စီး။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှ မုံရွာနှင့် ရွှေဘိုမြို့များသို့ဆက်သွယ်ထားသောလမ်းပိုင်းများအား သွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်သတိပေးသည်။

အရာတော်-မုံရွာလမ်းနှင့် အရာတော်-ရွှေဘိုလမ်းပိုင်းများကို ယနေ့ ဇွန်လ ၁၆ရက် နံနက် ၁၀ နာရီမှစ၍ ယနေ့တစ်ရက်လုံးလမ်းအသုံးပြုခြင်းခေတ္တရပ်နားကြရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုယ်စား မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးကမေတ္တာရပ်ခံသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများခရီးသွားပြည်သူများ၏ ကားများအား တားဆီး၍ အရပ်သားပြည်သူများနှင့်ရောနှောလိုက်ပါနေခြင်းကြောင့် ယနေ့ တစ်ရက် ခေတ္တလမ်းအသုံးမပြုရန်မေတ္တာရပ်ခံသည်ဟု​ဖော်ပြထားသည်။

စစ်ကိုင်း-မုံရွာလမ်း၊ စစ်ကိုင်း-ရွှေဘိုလမ်းများတွင်လည်းအကြမ်းဖက်စစ်တပ်က ကင်းပုန်းများချထားသဖြင့် ပြည်သူများသတိထားသွားလာကြရန် ဒေသတွင်းအဖွဲ့များက သတိပေးသည်။

ယနေ့နံနက်ပိုင်းကမုံရွာ-မန္တလေးလမ်းပေါ်၊စစ်ကိုင်းနှင့် မြင်းမူမြို့နယ်ကြား ဖြတ်သန်းခဲ့သူတစ်ဦးက”လမ်းမှာလောလောဆယ် စစ်တာဆေးတာမရှိသေးပေမယ့် လမ်းဘေးတချို့မှာ သေနတ်ကိုင်ထားတဲ့စစ်သားတွေ တွေ့နေရတယ်။”ဟုပြောသည်။

မုံရွာ-မန္တလေးလမ်း၊ မုံရွာ-အရာတော်လမ်းနှင့် ရွှေဘို-အရာတော်လမ်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ်များမကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်​ကောင်စီခန့်​ကျေးရွာအုပ်ချုပ်​ရေးမှူးကိုပစ်ခတ်ရှင်းလင်းခြင်းကိုဖျာပုံခရိုင် ဧရာဗေဒါတပ်ပေါင်းစုနှင့်အတူဗိုလ်ငမန်းဦးဆောင်သောဧရာ၀တီတိုက်ငမန်းပြောက်ကျားတပ်ဖွဲ့ ၊ကျိုက်လတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုပါရှိသည်။

သတင်း

စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်ပါမည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခန့်မှန်းသည့် အဆိုပါယာဥ်တန်းသည် သပိတ်ကျင်းမြို့သို့ ဆက်လက် ဦးတည်သွားကြောင်းလည်း Tigyaing Revolution က အသိပေးသည်။

သတင်း

ပြန်လည်သိမ်းယူမည့် သယံဇာတပစ္စည်းများ၊ အိမ်ဝိုင်းမြေ၊ လယ်မြေ၊ ယာမြေ၊ တောင်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကိုလည်း လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း

ယနေ့နေ့လယ် ၁ နာရီ ၃၅ ခန့်က ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ တပ်ခွဲ(၁)မှ ပဲနွယ်ကုန်းနယ်မြေရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော တပ် ကြပ်ကြီး ထွန်းထွန်းနိုင်ကို ပဲနွယ်ကုန်းမြို့အဝင်ဆိုင်းဘုတ်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။