Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါနယ်အတွင်း ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ခိုက်ခံရပြီး ရှစ်ဦးခန့်သေ

စစ်ကောင်စီတပ်စစ်ကြောင်းများသည် ဇွန်လ ၁၄ရက်ကတည်းက ဂန့်ဂေါမြို့နယ် ကန်ရွာသို့ဝင်ရောက်သောင်းကျန်းခဲ့ပြီး ပြည်သူများအားဖမ်းဆီးခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းနှင့် တိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ခြင်းတို့ကို ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်-ဂန့်​ဂေါမှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-PDFဂန်​ဂေါ)
(ပြည်သူ့ကာကွယ်​ရေးတပ်-ဂန့်​ဂေါမှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-PDFဂန်​ဂေါ)

ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်ပြီး စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နှစ်ရက်ဆက်တိုက်ခိုက်ခဲ့​ကြောင်း PDF – Gangawက ယနေ့ (ဇွန် ၁၈) ထုတ်ပြန်သည်။

စစ်ကောင်စီတပ်စစ်ကြောင်းများသည် ဇွန်လ ၁၄ရက်ကတည်းက ဂန့်ဂေါမြို့နယ် ကန်ရွာသို့ဝင်ရောက်သောင်းကျန်းခဲ့ပြီး ပြည်သူများအားဖမ်းဆီးခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းနှင့် တိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ခြင်းတို့ကို ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် PDF-GanGaw ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂန့်ဂေါခရိုင်တပ်ရင်း(၁)မှတပ်စိပ် (၃)စိပ်ဖြင့် ဇွန်လ၁၇ ရက်တွင် လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ဖော်ပြသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်-ဂန့်​ဂေါမှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-PDFဂန်​ဂေါ)
(ပြည်သူ့ကာကွယ်​ရေးတပ်-ဂန့်​ဂေါမှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-PDFဂန်​ဂေါ)

အလားတူ ယနေ့(ဇွန် ၁၈)တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ရှေ့ထွက်မိုင်း၊ ပဒေသမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာပြင်းထန်ကြောင်း ထုတ်ပြန် သည်။

“တိုက်ခိုက်ခံရတဲ့စစ်ကြောင်းက မြောက်ခင်ရန်းကိုပြန်နေပြီလို့ကြားတယ်ဗျ။ (တပ်ဆုတ်တာ) မဟုတ်ဘူးဗျ။ သူတို့သွားမဲ့လမ်းကြောင်းကိုပြန်တာပါဗျ။ ထွက်လာတာက ကန်ရွာထိရောက်တယ်ဗျ။ အဲကနေပြန်လှည့်တာပါ”ဟု ဂန့်ဂေါမြို့နယ်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်-ဂန့်​ဂေါမှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-PDFဂန်​ဂေါ)
(ပြည်သူ့ကာကွယ်​ရေးတပ်-ဂန့်​ဂေါမှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-PDFဂန်​ဂေါ)

အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၁၀၀ကျော်ပါစစ်ကြောင်းနှင့် အင်အား ၁၅၀ကျော်ပါစစ်ကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းသည် မြောက်ခင်းရန်ဘက်သို့ ဦးတည်ထွက်ခွာနေကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ နှစ်ရက်တာတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း PDF – Gangaw က အသိပေးထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါတိုက်ခိုက်မှုကို Guerrilla Warfare - KPK တပ်ဖွဲ့၊ People Liberation Army(PLA) နှင့် ပလဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

အဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော်များနှင့်ပက်သက်၍သေချာအတည်ပြုချက်မရယူနိုင်​သေးကြောင်း၄င်းတို့၏ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များမှတဆင့်သိရှိရကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဇွန်လ ၁၈ရက်)နံနက်ပိုင်းတွင် ပူတာအိုဘက်မှ မြစ်ကြီးနားဘက်သို့ ဦးတည်ပြီး ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

နေအိမ်စုစုပေါင်း ၁၁၂လုံး၊ အိမ်​​ထောင်စု ၁၀၉စု၊​နေအိမ် ၅၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စာသင်ကျောင်းအပါ အဝင် ကျေးလက်ဆေးပေးခန်း၂လုံးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြား ရေးက ထုတ်ပြန်သည်။