Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြစ်ဆုံအနီး တန်ဖဲရွာအထွက်၌ စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်၊ သေဆုံးထိခိုက်ရှိနိုင်

ယနေ့ (ဇွန်လ ၁၈ရက်)နံနက်ပိုင်းတွင် ပူတာအိုဘက်မှ မြစ်ကြီးနားဘက်သို့ ဦးတည်ပြီး ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တန်ဖဲရွာအနီးတွင် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ (ဇွန်လ ၁၈ရက်)နံနက်ပိုင်းတွင် ပူတာအိုဘက်မှ မြစ်ကြီးနားဘက်သို့ ဦးတည်ပြီး ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မြစ်ဆုံဧရိယာပေါ့။ မြစ်ကြီးနားက တက်လာရင် တန်ဖဲရွာအဝင် ကုန်းဆင်းနားမှာ ။ဒီဘက်မှာ မဖြစ်တာကြာပြီ။ ဒီမနက်မှာ ကြားတော့ အံ့ဩနေတာ။ အတက်တုန်းက ဘာမှ မဖြစ်ဘဲအဆင်းပိုင်းပဲ အဲဒီလိုဖြစ်လာတာ”ဟု ဒေသခံက ပြောသည်။

ပူတာအိုမှ ပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း နှင့် ယာဉ်တန်းလုံခြုံရေး ရှေ့ပြေးစစ်ကြောင်းတို့ကို လမ်းခရီးတွင် KIAက ကြားဖြတ်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ ယနေ့ မြစ်ဆုံအနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိသည်ဟု ကြားရကြောင်း ဒေသခံက ပြောသည်။

“နာရေးမော်တော်ယာဉ်တော့ တက်တယ်ပြောတယ်။ အတိအကျတော့ မပြောနိုင်ဘူး။”ဟု ဒေသခံက ပြော သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါတိုက်ခိုက်မှုကို Guerrilla Warfare - KPK တပ်ဖွဲ့၊ People Liberation Army(PLA) နှင့် ပလဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

အဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော်များနှင့်ပက်သက်၍သေချာအတည်ပြုချက်မရယူနိုင်​သေးကြောင်း၄င်းတို့၏ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များမှတဆင့်သိရှိရကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်စစ်ကြောင်းများသည် ဇွန်လ ၁၄ရက်ကတည်းက ဂန့်ဂေါမြို့နယ် ကန်ရွာသို့ဝင်ရောက်သောင်းကျန်းခဲ့ပြီး ပြည်သူများအားဖမ်းဆီးခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းနှင့် တိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ခြင်းတို့ကို ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

သတင်း

နေအိမ်စုစုပေါင်း ၁၁၂လုံး၊ အိမ်​​ထောင်စု ၁၀၉စု၊​နေအိမ် ၅၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စာသင်ကျောင်းအပါ အဝင် ကျေးလက်ဆေးပေးခန်း၂လုံးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြား ရေးက ထုတ်ပြန်သည်။