Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကိုလွတ်မြောက်နယ်မြေတွင်ဖယောင်းတိုင်မီးများဖြင့် ပုံဖော် ဆုတောင်း

ယ​နေ့နံနက်အစောပိုင်း၌ အဆိုပါ “ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့” စာလုံးအတိုင်း တောပန်းများဖြင့် ထပ်မံ ပုံဖော်ကြမည် ဖြစ်ကြောင်းကိုလည်းသိရသည်။

ဓာတ်ပုံ - EOD
ဓာတ်ပုံ - EOD

လွတ်မြောက်နယ်မြေ တစ်နေရာတွင် ယနေ့ (ဇွန်လ ၁၉) ညပိုင်း၌ နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင်အဖြစ် “ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့” ဆိုသည့် စာသားကို ဖယောင်းတိုင်မီးများဖြင့် ပုံဖော်ခဲ့ကြသည်။

ထို့အပြင် ယ​နေ့နံနက်အစောပိုင်း၌ အဆိုပါ “ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့် မွေးနေ့” စာလုံးအတိုင်း တောပန်းများဖြင့် ထပ်မံ ပုံဖော်ကြမည် ဖြစ်ကြောင်းကိုလည်းသိရသည်။

” (ဒေါ်အောင်ဆန်းစုကြည်) သူမကို ဘာမွေးနေ့လက်ဆောင် လိုချင်လဲလို့ ကိုယ်တိုင်မေးခွင့် မရှိ။ ဒါပေမဲ့ အဖြေကိုတော့ အားလုံးက သိပြီးသားပါ။ ပြည်သူအားလုံးလိုပဲ သူမလည်း နိုင်ငံသစ် တခုလိုချင်မှာပါ။ နိုင်ငံသစ်ဟာ ဆုတောင်းရုံနဲ့တော့ မရဘူး။ နွေဦးတော်လှန်ရေး အောင်မြင်မှသာ၊ အောင်မြင်ဖို့ အားလုံးပါဝင် တိုက်ပွဲဆင်မှသာ ရပါမယ်။ အကောင်းဆုံး မွေးနေ့လက်ဆောင်ကတော့ တော်လှန်ရေးအတွက် ကိုယ်တတ်နိုင်ရာ ကဏ္ဍကနေ ပါဝင်ခြင်းပါပဲ ” ဟု The End of Dictatorship (EOD) တော်လှန်ရေး အင်အားစု အဖွဲ့က လူမှုကွန်ယက် စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

" ယုတ်မာကောက်ကျစ်တဲ့ အာဏာရှင် အကြမ်းဖက်စစ်အုပ်စုကို လာမယ့် (၁၉)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အာဏာရှင်ကို တော်လှန်နေကြတဲ့ လူထုအပေါင်းတို့ရဲ့ သွေးအေးမနေဘူး။ သွေးကွဲမနေဘူး။ သွေးကြောင်မနေဘူးဆိုတာ ထပ်မံပြသလိုက်ကြရအောင်ပါ " ဟု တော်လှန်ရေးအင်အားစုများက တိုက်တွန်းခဲ့သည်။

သတင်း

ဇွန်လ (၁၉) ရက် (တနင်္ဂနွေနေ့) တွင် တစ်နိုင်ငံလုံးက ဘာသာပေါင်းစုံသော လူထုကြီးက ကိုယ် ကိုးကွယ်ယုံကြည်သည့် ဘာသာအလိုက် ဘာသာရေး အဆောက်အဆုံများ၊ ဘုရားများဆီသို့ ချီတက်ကြပါ ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းထားသည်။

သတင်း

“တိုးတက်မှုမရှိတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အဓိပ္ပာယ်ရှိရှိအကောင်အထည် ဖော်ဖို့ အားလုံးပါဝင်ပြီး ဘက်ပေါင်းစုံဖြစ်တဲ့ နည်းလမ်းသစ်တွေ၊ တီထွင်ဖန်တီးမှုရှိတဲ့ နည်းလမ်းတွေကို လိုအပ်တယ်ဆိုတာ ကျွန်တော် ထပ်လောင်းပြောလိုပါတယ်”ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

သတင်း

သက်သေစာချုပ်ကိုပြီးခဲ့တဲ့မေလ ၃၀ ရက် ရုံးချိန်းမှာ တင်ပြဖို့သတ်မှတ်ခဲ့ပေမယ့် မတင်ပြနိုင်တာကြောင့် ဒီနေ့ ဇွန်လ ၆ ရက် ရုံးချိန်းကို ချိန်းဆိုခဲ့တာပါ။ ဒါပေမယ့် ဒီနေ့ ရုံးချိန်းမှာလည်း တရားလိုဘက်က မြန်မာပြန် စာချုပ်ကိုမတင်ပြနိုင်ခဲ့ဘူးလို့သိရပါတယ်။