Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိနဲ့ တရားစွဲတဲ့ရဟတ်ယာဉ်အမှု သက်သေစာချုပ်ကို တရားလို မတင်ပြနိုင်သေး

သက်သေစာချုပ်ကိုပြီးခဲ့တဲ့မေလ ၃၀ ရက် ရုံးချိန်းမှာ တင်ပြဖို့သတ်မှတ်ခဲ့ပေမယ့် မတင်ပြနိုင်တာကြောင့် ဒီနေ့ ဇွန်လ ၆ ရက် ရုံးချိန်းကို ချိန်းဆိုခဲ့တာပါ။ ဒါပေမယ့် ဒီနေ့ ရုံးချိန်းမှာလည်း တရားလိုဘက်က မြန်မာပြန် စာချုပ်ကိုမတင်ပြနိုင်ခဲ့ဘူးလို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ရဟတ်ယာဉ်ကိစ္စနဲ့ပတ်သက်ပြီး အဂတိနဲ့ စစ်ကောင်စီက စွပ်စွဲထားတဲ့အမှုမှာ သက်သေဖြစ်တဲ့ စာချုပ် ကို ရုံးချိန်း ၂ ချိန်း ရှိလာသည့်တိုင် တရားလိုဘက်ကမတင်ပြနိုင်သေးဘူးလို့သိရပါတယ်။

မြန်မာလိုဘာသာပြန်ထားတဲ့စာချုပ်ကို တရားလို ဖြစ်တဲ့စစ်ကောင်စီ အဂတိကော်မရှင်က အရာရှိဟာ မတင်ပြနိုင်သေးတာလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။

သက်သေစာချုပ်ကိုပြီးခဲ့တဲ့မေလ ၃၀ ရက် ရုံးချိန်းမှာ တင်ပြဖို့သတ်မှတ်ခဲ့ပေမယ့် မတင်ပြနိုင်တာကြောင့် ဒီနေ့ ဇွန်လ ၆ ရက် ရုံးချိန်းကို ချိန်းဆိုခဲ့တာပါ။ ဒါပေမယ့် ဒီနေ့ ရုံးချိန်းမှာလည်း တရားလိုဘက်က မြန်မာပြန် စာချုပ်ကိုမတင်ပြနိုင်ခဲ့ဘူးလို့သိရပါတယ်။

NLD အစိုးရလက်ထက်မှာ သဘာဝဘေးအန္တရာယ်အရေးအတွက် အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီးကို ဌားရမ်းတာနဲ့ အီတလီထုတ် ရဟတ်ယာဉ်တစ်စီးကို ဝယ်ယူခဲ့တာရှိပါတယ်။

ဒီလို ရဟတ်ယာဉ်ဌားရမ်းရာမှာ စာချုပ်ပါ ဌားရမ်းနာရီမပြည့်ဘဲ ငွေအပြည့်ပေးချေတာ ၊ ရဟတ်ယာဉ်ဝယ်ယူရာမှာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့မကိုက်ညီတာတွေကြောင့် နိုင်ငံဘဏ္ဍာထိခိုက်တယ်ဆိုကာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် ၊သမ္မတ ဦးဝင်းမြင့် ၊လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို တရားစွဲတာဖြစ်ပါတယ်။

စွဲဆိုထားတဲ့ပုဒ်မဟာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မလည်းဖြစ်ပါတယ်။

ဓာတ်ပုံ − AFP

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အုပ်စုဟာ ရွေးကောက်ပွဲ မဲမသမာမှုအကြောင်းပြကာ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲမှာမသမာမှု လုပ်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲတာဖြစ်ပါတယ်။

သတင်း

ဒီနေ့တရားခွင်မှာတော့ အဲဒီအမေရိကန်ဒေါ်လာ ငါးသိန်းခွဲဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်အတွက်အလှူငွေသာဖြစ်ပြီး မိမိဆန္ဒအရ လှူဒါန်းတာလို့ မောင်ဝိတ်က ထွက်ဆိုခဲ့ပါတယ်။

သတင်း

NLD အစိုးရ လက်ထက် သဘာဝဘေးမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ဖို့ ရဟတ်ယာဉ်တစ်စီး ကို ကုမ္ပဏီထံက ဌားရမ်းရာမှာ စာချုပ်ပါပျံသန်းချိန်ထက် လျော့နည်းပျံသန်းခဲ့ပြီး ဌားရမ်းခပိုမိုပေးချေတယ်ဆိုကာ စစ်ကောင်စီက အမှုလုပ်ပြီး တရားစွဲထားတာပါ။

သတင်း

ယောဒေသအတွင်းရှိ လောင်းရှည် PDF၊ ကျောက်ထု PDF၊ ထီးလင်း PDF၊ ယောဒေသ PDF၊ ဂန့်ဂေါPDFနှင့် ဆော PDF တို့ ပူးပေါင်းပြီး YRPAကို စုဖွဲ့ကာ စစ်ကောင်စီတပ်ကို ပိုမိုထိရောက်စွာ တော်လှန်တိုက်ခိုက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။