Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြစ်ဆုံ တန်ဖဲရွာမှ မြစ်ကြီးနားသို့ ဆင်းလာသည့် စစ်ကြောင်းကို KIA၊ PDF ပူးပေါင်းတပ် ၁၆ကြိမ်မိုင်းဆွဲတိုက်ခိုက်

KIA တပ်မဟာ(၂) တပ်ရင်း(၁၁) နယ်မြေ Tang Hpre ကျေးရွာနဲ့ Chying Hkrang ကျေးရွာအကြား၌ ယမန်နေ့ ဇွန်လ ၁၈ရက် နံနက်က အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်များကို ၁၆ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်း စစ်မြေပြင်မှသတင်းရသည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

မြစ်ဆုံ တန်ဖဲရွာမှ မြစ်ကြီးနားသို့ ဆင်းလာသည့် စစ်ကြောင်းကို KIA၊PDF ပူးပေါင်းတပ် ၁၆ကြိမ်မိုင်းဆွဲတိုက်ခိုက်

▪️စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိဟု KIA အသိပေး

မြစ်ကြီးနားမြို့နယ် မြစ်ဆုံဧရိယာရှိ တန်ဖဲရွာမှ မြစ်ကြီးနားမြို့သို့ ဆင်းလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု KIA သတင်းပြန်ကြားရေးက ယနေ့ ဖော်ပြသည်။

KIA တပ်မဟာ(၂) တပ်ရင်း(၁၁) နယ်မြေ Tang Hpre ကျေးရွာနဲ့ Chying Hkrang ကျေးရွာအကြား၌ ယမန်နေ့ ဇွန်လ ၁၈ရက် နံနက်က အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်များကို ၁၆ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်း စစ်မြေပြင်မှသတင်းရသည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

မိုင်းဆွဲ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘေးပတ်ဝန်း ကျင်သို့ လက်နက်ကြီး၊လက်နက်ငယ်များ ရန်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနား-ပူတာအို လမ်းကြောင်းတစ်လျှောက် စစ်ကောင်စီတပ်များ ခြေလျင်ဖြင့်လည်းကောင်း၊ စစ်ယာဉ်တို့ဖြင့်လည်းကောင်း စစ်ရေးလှုပ်ရှားနေခြင်း၊ စစ်အသုံးအဆောင်နှင့် ရိက္ခာ သယ်ပို့ခြင်းများ ဆက်တိုက်လုပ်ဆောင်နေ၍ KIA နှင့် ထိတွေ့ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်ပွားနေသည်ဟု အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အနီးဝန်းကျင်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ​ရေစကြို PDFက ​အသိပေးသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများ စုစည်းညီညွတ်စွာ သဘောတူညီချက်များဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း"အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု" ကယနေ့(ဇွန်လ ၁၈ရက်)နေ့တွင်အသိပေးသည်။

သတင်း

ယခုလ ၁၀ ရက်ကလည်း ရေစကြိုမြို့နယ် ကျောက်လှေခါး တိုးဂိတ် Earthquake People's Defense Force မှ ရေစကြိုPDF နှင့် ပူးတွဲ၍ မိုင်းဆွဲတိုက်ခိုက်ထား သည်။

သတင်း

အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးချုပ်၊ ညီနောင်မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များ၊ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးစသဖြင့် အသီးသီးတက်ရောက်ခဲ့ကြောင်း အသိပေးသည်။