Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့ ပုဇွန်​တောင်​စျေး သုံးရက်ဆက်မီး​လောင်မှု ရည်ရွယ်ချက်ဖြင့်လုပ်​ဆောင်​နေဟု သုံးသပ်

ပုဇွန်တောင်ဈေး၌ ဇူလိုင် ၁ရက်နှင့် ၂ရက်ကလည်း မီးလောင်မှုများဖြစ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့က မီးလန့်မှု အဆင့်သတ်မှတ်ထားသည်။

ရန်ကုန်မြို့ ပုဇွန်​တောင်​စျေး သုံးရက်ဆက်မီး​လောင်မှု ရည်ရွယ်ချက်ဖြင့်လုပ်​ဆောင်​နေဟု သုံးသပ်
ရန်ကုန်မြို့ ပုဇွန်​တောင်​စျေး သုံးရက်ဆက်မီး​လောင်မှု ရည်ရွယ်ချက်ဖြင့်လုပ်​ဆောင်​နေဟု သုံးသပ်

ရန်ကုန်မြို့ ပုဇွန်တောင်‌ဈေး၌ သုံးရက်ဆက် မီးလောင်မှုဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဇူလိုင် ၃ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် မီးလောင်မှုဖြစ်ခဲ့ပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းထုတ်ပြန်ထားသည်။

ပုဇွန်တောင်ဈေး၌ ဇူလိုင် ၁ရက်နှင့် ၂ရက်ကလည်း မီးလောင်မှုများဖြစ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့က မီးလန့်မှု အဆင့်သတ်မှတ်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ရက်ကလည်း ယင်းဈေး၌ မီးလောင်မှုဖြစ်ခဲ့ပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့‌သည်။

အထက်ပါကဲ့သို့ နေရာတစ်ခုတည်း၌ မီးလောင်မှု အကြိမ်ကြိမ်ဖြစ်နေခြင်းမှာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ပြည်သူများက မီးသတ်တပ်ဖွဲ့၏ ပို့စ်အောက်၌ မှတ်ချက်များရေးသားထားသည်။

“ဈေးကြီးက အကျယ်ကြီးဘဲလေ။ မြေက နေရာကောင်း တန်ဘိုးရှိတာကိုး”ဟု ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက‌ မှတ်ချက်ပေးသည်။

ဈေးအသစ်ဆောက်မည်ဆိုပါက ဈေးဟောင်းများကို မီးရှို့သည့် အစဉ်အလာရှိသောကြောင့် ဈေးအသစ်ဆောက်ရန် ဇာတ်လမ်းဆင်ခြင်းဖြစ်နိုင်ကြောင်း ပြည်သူအချို့က သုံးသပ်သည်။

“ခဏခဏမီးလန့်နေတယ် မီးဘေးစိတ်မချရတော့ဘူး ဖျက်သိမ်းရတော့မယ် အကွက်တွေအကွက်တွေ မပြောချင်ဘူးနော်”ဟု အမျိုးသမီးတစ်ဦးကမှတ်ချက်ပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒေါ်မိုးမိုးရွှေရည်သည် စစ်ကောင်စီလက်ထက်တွင် အမှုသည် ပြည်သူများ ရုံးတက်ရန်အတင်းဖိအား ပေးစေခိုင်းနေပြီး မလာရောက်ပါက အမှုကိုတစ်ဖက်သတ်စစ်မည်ဟု ခြိမ်းခြောက်နေသည့်သတင်းများရရှိထားသည်ဟု မုံရွာခရိုင်အခြေစိုက် Monywa UG ခရိုင်တပ်ပေါင်းစုက ယနေ့(ဇွန် ၂၈ရက်) ထုတ်ပြန်သည်။

သတင်း

အဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော်များနှင့်ပက်သက်၍သေချာအတည်ပြုချက်မရယူနိုင်​သေးကြောင်း၄င်းတို့၏ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များမှတဆင့်သိရှိရကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။

သတင်း

"ဒီနေ့လဲဧည့်စာရင်းအကြောင်းပြပြီးမြို့နယ်အချို့မှာသပိတ်လူငယ်တွေကို လိုက်ရှာနေတယ်။ အချင်းချင်းသိတဲ့သူတွေကိုလည်းရှောင်ဖို့သတိပေးထားရပါတယ် " ဟုသပိတ်တွင် ပါဝင်လေ့ရှိသည့် လူငယ်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါTBCဘုရားကျောင်းအဆောက်အဦးများကို ၂၀၂၁ အောက်တိုဘာ ၂၉ ရက်တစ်ကြိမ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ကြိမ်နှင့် ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်မီးရှို့ခဲ့ဖူးသည်။