Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်မီးရှို့၍ ထန်တလန်မြို့ရှိ သက်တမ်းအရှည်ဆုံးဘုရား​ကျောင်းမီး​လောင်ကျွမ်း

စစ်ကောင်စီတပ်သည် အဆိုပါTBCဘုရားကျောင်းအဆောက်အဦးများကို ၂၀၂၁ အောက်တိုဘာ ၂၉ ရက်တစ်ကြိမ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ကြိမ်နှင့် ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်မီးရှို့ခဲ့ဖူးသည်။

TBC နှစ်ခြင်းဘုရား​ကျောင်းကို မီးရှို့မခံရမီက​မြင်ကွင်း
TBC နှစ်ခြင်းဘုရား​ကျောင်းကို မီးရှို့မခံရမီက​မြင်ကွင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ နှစ်၆၀ သက်တမ်းရှိ ထန်တလန် TBC နှစ်ခြင်းဘုရားကျောင်းကို စစ်​ကောင်စီတပ်က မီးရှို့သဖြင့် ယမန့်နေ့ (ဇွန်၉ရက်) ညနေ ၄ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ကြောင်းဒေသခံများက​ပြောသည်။

ထန်တလန်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်​ကောင်စီတပ်ကမီးရှို့၍ ဘုရားကျောင်းမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

TBC နှစ်ခြင်းဘုရားကျောင်းသည် ထန်တလန်မြို့၏ အကြီးဆုံးနှင့် မြို့ဂုဏ်ဆောင်ဘုရားကျောင်းတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ဒေသခံများက ဆသည်။

“တိုက်ပွဲဖြစ်တာလဲ မရှိဘဲ မီးလောင်တာဆိုတော့ စစ်တပ်ကပဲ မီးရှို့တာပေါ့”ဟုစစ်ဘေးရှောင်နေရသည့် ထန်တလန်မြို့ခံတစ်ဦးကပြောသည်။ ထန်တလန်မြို့​ပေါ်တွင် စစ်​ကောင်စီတပ် သာရှိပြီးလူ​နေအိမ်များကိုလည်းမကြာခဏဖောက်ထွင်းခိုးယူပြီး မီးရှို့​ကြောင်း ​ဒေသခံများကဆက်​ပြောသည်။

စစ်ကောင်စီတပ်သည် အဆိုပါ TBCဘုရားကျောင်းအဆောက်အဦးများကို ၂၀၂၁ အောက်တိုဘာ ၂၉ ရက်တစ်ကြိမ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် တစ်ကြိမ်နှင့် ဒီဇင်ဘာ ၃၀ ရက်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်မီးရှို့ခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်၊ထန်တလန်မြို့ရှိ ပြည်သူများ၏လူ​နေအိမ် ၁၂၀၀ နှင့် ဘုရားကျောင်း ၁၁ ကျောင်းတို့ မီးရှို့ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အခင်းဖြစ်ပွားရာ ခရိုင်ချင်းဆက်လမ်းကို ကန့်သတ်ထားသည့်အချိန်မှလွဲ၍ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ကြောင်း ဝက်လက် PDFက ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇွန်လ ၆ ရက်တွင် ပေါ်လယ်ရွာလမ်းခွဲအနီး ကင်းပုန်းများချထားခဲ့ရာ YDF တပ်ဖွဲ့ဝင်များက သွား ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြားချိန် ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

“ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီနဲ့ ဒူးလေးပါတီရဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIAက လမ်းခုလက်က တိုက်ခိုက်တာ။ အထိအခိုက်တွေကျ အသေးစိတ်တော့ မသိဘူး။ ဖြစ်တာက မြစ်ကြီး နားပူတာအိုလမ်းပေါ်မှာပဲ”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်​ကောင်စီတပ်သည် သဲတောရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ထော်လာဂျီ (၁) စီး၊ ဆိုင်ကယ် အစီး (၃၀)ကျော်နှင့် အခြားအဖိုးတန်ပစ္စည်းများလည်း လုယူသွားကြောင်း Yesagyo Informationက ဖော်ပြသည်။