Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်ရင်း ၁၁ရင်းမြောက်အဖြစ် တပ်ရင်း(K)အား တိုးချဲ့ဖွဲ့စည်းကြောင်း ဒီး​​မော့ဆို PDF အသိပေး

“ကျွန်တော်တို့ပထမ ဖွဲ့စည်းထားတဲ့ တပ်ရင်း ၁၀ခုမှာ မပါဝင်လိုက်ရသေးတဲ့ လူငယ်တွေနဲ့ စစ် ကောင်စီကိုတွန်လှန်ဖို့ ကြိုးပမ်းနေတဲ့ဒေသခံတွေ အများစုအတွက် တပ်ရင်း တစ်ရင်း ထပ်မံ ဖွဲ့စည်းခဲ့တာဖြစ်တယ်”ဟု ၎င်းက People’ Springသို့ ပြောသည်။

ဓာတ်ပုံ - DMO-Local PDF
ဓာတ်ပုံ - DMO-Local PDF

တပ်ရင်း ၁၁ရင်းမြောက်အဖြစ် တပ်ရင်း(K)အား တိုးချဲ့ဖွဲ့စည်းကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​​မော့ဆို (DMO-Local PDF)က ယနေ့ (ဇူလိုင် ၇ရက်) ထုတ်ပြန်အသိပေးသည်။

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လမ်းညွှန်မှု​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​​မော့ဆို(DMO-Local PDF)မှ တပ်ရင်း(K)ကို ဗဟို​ကော်မတီဦး​ဆောင်ပြီး တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ခြင်းဟုလည်း ဖော်ပြသည်။

ဓာတ်ပုံ - DMO-Local PDF
ဓာတ်ပုံ – DMO-Local PDF

တိုးချဲ့ဖွဲ့စည်းခဲ့​သော တပ်ရင်း(K)သည် အဓိဌာန်(၄)ချက်နှင့်အညီ အကြမ်းဖက်စစ်​ကောင်စီကို အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အခြား​တော်လှန်​ရေးတပ်ဖွဲ့နှင့်အတူ ညီညွတ်စွာလက်တွဲသွားမည်ဖြစ်ကြောင်း အသိပေးသည်။

ဒီး​မော့ဆိုမြို့နယ်ရှိ​ လူငယ်အများစုမှာ စစ်အာဏာရှင်​တော်လှန်ခြင်းမှာ မည်သို့အခက်အခဲကြမ်းတမ်းသည်ကို နားလည်ထား​သော်လည်း မတရားမှုအား ခုခံ​တော်လှန်ရာတွင် စိတ်အားထက်သန်မှုကြောင့် ​တော်လှန်​ရေးတပ်သားများစွာ ထွက်​ပေါ်လာခဲ့ခြင်းဟု DMO-Local PDF တာဝန်ရှိသူက ဆိုသည်။

ဓာတ်ပုံ - DMO-Local PDF
ဓာတ်ပုံ – DMO-Local PDF

“ကျွန်တော်တို့ပထမ ဖွဲ့စည်းထားတဲ့ တပ်ရင်း ၁၀ခုမှာ မပါဝင်လိုက်ရသေးတဲ့ လူငယ်တွေနဲ့ စစ် ကောင်စီကိုတွန်လှန်ဖို့ ကြိုးပမ်းနေတဲ့ဒေသခံတွေ အများစုအတွက် တပ်ရင်း တစ်ရင်း ထပ်မံ ဖွဲ့စည်းခဲ့တာဖြစ်တယ်”ဟု ၎င်းက People’ Springသို့ ပြောသည်။

ထပ်မံဖွဲ့စည်းလိုက်သည့် တပ်ရင်းတွင် လူဦးရေ ၂၂၀ကျော်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို​ကြောင့် ဖွဲ့စည်းလိုက်​သည့် တပ်ရင်းသစ်အား လက်နက်ခဲယမ်း၊ စစ်ဝတ်တန်ဆာစသည့် အ ခက်အခဲအမျိုးမျိုးအတွက်ပြည်သူများ၏ ထောက်ပံ့​မှုများလိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ချမှတ်ထားသောစစ်သုံ့ပန်း ဥပဒေနှင့်အညီဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားကို ထိန်းသိမ်းသွားမည်ဟုလည်း ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများကို တွေ့မြင်၊ကြားသိရပါက နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံ သတင်းအရောက်ပို့ပေးကြရန်၊ လူသားဒိုင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးမခံရရေးအတွက် မြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုများအား သတိပြုပြီး သွားလာနေထိုင်ကြရန် ​ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်က မြန်မာနိုင်ငံသားများသာမက အိမ်နီးခြင်းနိုင်ငံများကိုပါ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးမထားရုံသာမက အိန္ဒိယအစိုးရကို စော်ကားရာကျသည်ဟုလည်း PDF(တမူး)ကသ​ဘောထားထုတ်ပြန်သည်။

သတင်း

အထက်ပါတိုက်ခိုက်မှုကို Yesagyo-PDF ၊ N-YSO ပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force ၊ Steel Hawk(သံမဏိသိန်းငှက်)၊ PDF -Myaing Township တို့မှ ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။