Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွေဦးဂုရု​လေးများပညာ​ရေးစင်တာ၏ စစ်​ရှောင်လူငယ်များအတွက် ပညာ​ရေးအစီအစဥ်မှ အပတ်စဥ် (၂)သင်တန်းဆင်း

အဆိုပါ အပတ်စဥ် (၂)သင်တန်းတွင် ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ၆၀ဦးပါဝင်ပြီး သင်တန်းကာလ နှစ်လနှင့် တစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

နွေဦးဂုရု​လေးများပညာ​ရေးစင်တာ
နွေဦးဂုရု​လေးများပညာ​ရေးစင်တာ

နွေဦးဂုရု​လေးများပညာ​ရေးစင်တာ၏ စစ်​ရှောင်လူငယ်များအတွက် ပညာ​ရေးအစီအစဥ်မှ အပတ်စဥ် (၂)သင် တန်းဆင်းပွဲကျင်းပခဲ့ကြောင်း ယနေ့(ဇူလိုင် ၁၄)တွင် ထုတ်ပြန်သည်။

အဆိုပါ အပတ်စဥ် (၂)သင်တန်းတွင် ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ၆၀ဦးပါဝင်ပြီး သင်တန်းကာလ နှစ်လနှင့် တစ်ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

“Sel Kyae Phu Program Batch -2 သင်တန်းဆင်းပါပြီ။ ​​ကျောင်းဖြစ်​မြောက်​ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြပါ​သော ရပ်ရွာမှ ​ကျောင်းဖြစ်​မြောက်​ရေး ​​ကော်မတီဝင်များ၊ သင်တန်းအတွက် စား​ရေးရိက္ခာ၊ ​သင်​ထောက်ကူပစ္စည်းများနှင့် ပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီကြသူများ၊ ဒေသမှ ဆရာ၊ ဆရာမ များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပံ့ပိုးကူညီကြသူ တစ်ဦးတစ်​ယောက်ချင်းစီကို ​ကျေးဇူးအထူးတင်ရှိပါ​ကြောင်း ​နွေဦးဂုရု​လေးများ အဖွဲ့သားအားလုံးက ​ပြောကြားလိုပါတယ်”ဟု အသိပေးသည်။

သင်ကြားသည့်ဘာသာရပ်များအနက် ရပ်ရွာရှိကိစ္စရပ်များကို ကွင်းဆင်း​လေ့လာရင်း Learning Skills များကိုလက်​တွေ့အသုံးချ ​လေ့ကျင့်ခြင်း အစီအစဥ်တစ်ခုလည်းပါဝင်ပြီး အစီအစဥ်ကို အပတ်စဥ် တနဂ်​နွေည​နေပိုင်းတွင် ​လေ့လာ​ရေးထွက်ကာ စစ်​ရှောင်​ပြည်သူများ​နေထိုင်ရာ ရပ်ရွာတာဝန် ရှိသူများနှင့်တွေ့ဆုံပြီး ​နေထိုင်စား​သောက်​ရေး၊ ကျန်းမာ​ရေး၊ ပညာ​ရေး အ​ခြေအ​နေများကို ​လေ့လာ​ကြသည်ဟု ဆိုသည်။

ထို့အပြင် ပညာရေးစင်တာ၌ ကရင်နီဘာသာနှင့် အဂ်လိပ်ဘာသာများကို အဓိကာထားသင်ကြားပေးပြီး အနုပညာ၊ လက်မှုနှင့် အကတို့ကိုလည်း သင်ကြားပေးနေကြောင်း နွေဦးဂုရုလေးများပညာရေးစင်တာ တာဝန်ရှိသူများက ပြောကြားထားသည်။

ဆက်လက်သင်ကြားပေးမည့် သင်တန်းအပတ်စဥ် (၃) အတွက် ​လျှောက်လွှာများကို သြဂုတ်လဆန်းတွင် ပြန်လည်​ခေါ်ယူမည်ဖြစ်ပြီး စက်တင်ဘာ ၁ရက်​တွင် သင်တန်းပြန်လည်ဖွင့်လှစ်သွားမည်ဟု အသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"သင်ကြား​ရေးရည်ရွယ်ချက်က​တော့ ဆယ်​ကျော်သက်အရွယ်လူငယ်များအတွက် လိုအပ်မည့်အ​ခြေခံ Learning Skills များကို လက်​တွေ့လုပ်​ဆောင်ရင်း သင်ယူနိုင်ရန်နဲ့ ရပ်ရွာ​ဒေသအ​ကြောင်း​လေ့လာသိရှိရပြီး ပြန်လည်ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ပါတယ်"ဟု ဆိုသည်။

သတင်း

ကျောင်းကျန်းမာရေးအတွက် လာရောက်စစ်​ဆေး​ပေးခဲ့​သောနွေဦးရောင်နီဆေးအဖွဲ့ အား MEDUS -07မှ ကျေးဇူးအထူးတင်ရှိ​ကြောင်းလည်း မြောင်ပညာရေးကွန်ရက်က​ထုတ်ပြန်သည်။

သတင်း

နွေဦးတက္ကသိုလ်သည် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ပိုမိုထိရောက်ကောင်းမွန် သော ပညာရေးအစီအစဉ်များ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေသည်။

သတင်း

ကလေးမြို့ပေါ်တိုက်ခိုက်မှုများဖြစ်ပြီးနောက် ယမန်​နေ့ည ည ၁၂ နာရီတွင် စန်းမြို့ရပ်ကွက်ရှိ အ.ထ.က (၈ ) ကျောင်းဆောင်မီးလောင်ခဲ့​ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ ​