Connect with us
close

Hi, what are you looking for?

LuduNwayOo

All posts tagged "စစ်ရှောင်"

သတင်း

စစ်ကောင်စီတပ်များက အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးခဲ့၍ ပြည်သူများ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ၌ ရှောင်တိမ်းနေထိုင်ကြရကြောင်း ၊ စစ်ရှောင် ပြည်သူများကို တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြရန် မေတ္တာရပ်ခံကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

သတင်း

မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲဒေသရှိ စစ်ရှောင်များအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများကကူညီသည့် ထောက်ပံ့ကူညီမှုများမရရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်၏ သစ်ချဆိပ်စခန်းမှ လက်နက်ကြီးများဖြင့် (၁၀)လုံးထက်မနည်း ပစ်ခတ်ခဲ့မှုကြောင့် ကြောင်ပြာကျေးရွာနှင့်အခြား ပနာဝါးပလော ကျေးရွာ၊ နိုခိုထီးကျေးရွာ တို့တွင်ကျရောက်ပြီး ဒေသခံပြည်သူများ ဆက်လက်တိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီ၏တပ်မတော်သားများအနေဖြင့်လည်း ပြည်သူလူထုအား အကာအကွယ်ပေးရန် ကတိ သစ္စာပြုထားသည့်အပေါ် မိမိတို့ကတိသစ္စာနှင့်ဆန့်ကျင်သည့် အမိန့်ညွှန်ကြားချက် မှန်သမျှကို ဆန့်ကျင်ပြီး ပြည်သူလူထုများ နှင့်အတူ ပြတ်ပြတ်သားသားရပ်တည်ရန် တိုက်တွန်းထားသည်။

သတင်း

"သင်ကြား​ရေးရည်ရွယ်ချက်က​တော့ ဆယ်​ကျော်သက်အရွယ်လူငယ်များအတွက် လိုအပ်မည့်အ​ခြေခံ Learning Skills များကို လက်​တွေ့လုပ်​ဆောင်ရင်း သင်ယူနိုင်ရန်နဲ့ ရပ်ရွာ​ဒေသအ​ကြောင်း​လေ့လာသိရှိရပြီး ပြန်လည်ချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ပါတယ်"ဟု ဆိုသည်။

သတင်း

ဆိုင်ကယ်အများအပြားကို အကြမ်းဖက်စစ်ကောင်စီမှ ခိုးယူသုံးစွဲခဲ့ပြီး ဆိုင်ကယ်အချို့မှာ ရိုက်ချိုးဖျက်စီးခံခဲ့ရသည်ကို တွေ့ရကြောင်း၊ ထုတ်ယူနိုင်ခဲ့သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား မိဘပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်များသည် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်မှု မကြာခဏ လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။ အဆိုပါစစ်ကြောင်းများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့မှုများလည်း ရှိခဲ့သည်။

သတင်း

မိုးဦးရာသီရောက်ရှိလာသည့်အလျှောက် စစ်ဘေးရှောင်တို့၏ ကျန်းမာရေး၊ နေထိုင်ရေး၊ စားဝတ်နေရေးများအတွက် လိုအပ်ချက်များပြားလာသည်ဟု အသိပေးထားသည်။

News

ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပွါးနေကြသည့် ရောဂါများ ကမ္ဘာအနှံ့ ပြန့်ပွားနေသော ကူးဆက်ရောဂါများအတွက် ဆေးဝါးများအထူးလိုအပ်နေ ကြောင်း၊ စစ်ရှောင်စခန်းအတွက် များစွာအသုံးဝင်သည့် မိုးကာများ လိုအပ်ကြောင်း အသိပေးထားသည်။

News

"တောင်တွင်းအောက်ဖက်ပိုင်းမှာက သုံးနေရာခွဲပြီးတပ်စွဲထားတာ အခုလာတဲ့အဖွဲ့က ဘယ်အဖွဲ့ကလို့ သေချာမသိရပါဘူး။ကျော်ရွာကိုလာတာတော့သေချာတယ်။ ကျော်ရွာမှာ တပ်စွဲပြီး ပျူစောထီး သင်တန်းပေးမယ်လို့ ကျွန်တော်တို့ကြားသိထားရပါတယ်"ဟု TDPDF(MinGin) အဖွဲ့က အသိပေးသည်။

More Posts

လတ်တ‌လော စာမူများ

Facebook