Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြစ်ငယ် မီးရထားစက်ရုံ လုံခြုံရေး ဈေးဝယ်ချိန် ပစ်ခတ်ခံရလို့သေဆုံး

ဒီနေ့မနက်ပိုင်း ၇ နာရီလောက်မှာဆိုင်ကယ်နဲ့ ဈေးထွက်ဝယ်ချိန် မျက်နှာချင်းဆိုင်ကနေ မောင်းလာတဲ့ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ ပစ်သွားတာလို့ ဒေသခံအချို့ကပြောပါတယ်။

People's Spring
People's Spring

မန္တလေးတိုင်း၊ မြစ်ငယ်မြို့မှာ မီးရထားစက်ရုံ ရဲ့လုံခြုံရေးအစောင့် ဈေးကိုသွားချိန် ဆိုင်ကယ်စီးအမျိုးသားက သေနတ်နဲ့ပစ်ခတ်လို့သေဆုံးသွားတယ်လို့သိရပါတယ်။

ဒီနေ့မနက်ပိုင်း ၇ နာရီလောက်မှာဆိုင်ကယ်နဲ့ ဈေးထွက်ဝယ်ချိန် မျက်နှာချင်းဆိုင်ကနေ မောင်းလာတဲ့ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ ပစ်သွားတာလို့ ဒေသခံအချို့ကပြောပါတယ်။

ပစ်ခတ်ခံရပြီးဆိုင်ကယ်လဲကျသွားကာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။

မြစ်ငယ်မြို့ဟာ မြစ်ငယ်မြစ်နဲ့ရထားလမ်းဆုံတဲ့နေရာမှာရှိပြီး မန္တလေးမြို့ကနေ ၉ မိုင်ခန့်ကွာဝေးပါတယ် ။ အရေးပါတဲ့မြို့ဖြစ်ပြီး မီးရထားအလုပ်ရုံတွေတည်ရှိတာကြောင့် မီးရထားဝန်ထမ်းအများစုနေထိုင်ကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက်အာဏာဖီဆန် လှုပ်ရှားမှုကို မီးရထားဝန်ထမ်းတွေက ဆောင်ရွက်ရာမှာ စစ်အုပ်စုဟာ ဝန်ထမ်းလိုင်းခန်းတွေကဖယ်ခိုင်းတာ ၊ နေထိုင်တဲ့ရပ်ကွက်တွေကိုဖယ်ရှားပစ်တာတွေ ရည်ရွက်ရှိရှိလုပ်ခဲ့ပါတယ်။

ဒီနေ့ပစ်ခတ်ခံရတဲ့ ဝန်ထမ်းအမျိုးသားဟာ စစ်ကောင်စီသတင်းပေးတစ်ဦးလို့ သတင်းထွက်နေပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာ သံတောင်ကြီးမြို့နယ်အတွင်း ပါဝင်သော်လည်း နေပြည်တော်၊ ပဲခူး တိုင်းနှင့် ကရင်ပြည်နယ်တို့၏ ထိစပ်နယ်မြေအနီးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာ

ပျက်စီးသွားတဲ့ထဲမှာ ၉ ထပ် အဆောက်အအုံ တစ်ခုရဲ့ ကားပါကင် နေရာလည်း ပါဝင်ပါတယ်။ ဒုံးကျည်တွေဟာ လူပေါင်း ၃ သိန်းခွဲကျော် နေထိုင်ရာမြို့ရဲ့ အလယ်တည့်တည့်လောက်ကို ကျရောက်ခဲ့တာပါ။

သတင်း

မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစောင့်ဂိတ်တဲကိုလည်း မနေ့ကညပိုင်းမှာ ဗုံးပစ်ခံရပြီး ပစ်ခတ်တာတွေရှိခဲ့ပေမယ့် မည်သည့်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

သတင်း

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ စစ်ဆင်ရေးများပြုလုပ်မည်ဟု ကြေညာထားသည့် Burma Dragon Army ကလည်း ယင်းဖောက်ခွဲမှုကို ၎င်းတို့အဖွဲ့နှင့် မဟာမိတ်အဖွဲ့များက လုပ်ဆောင် ခြင်းမဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။