Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးတိုက်ပွဲတွင် PDF တစ်ဦးကျဆုံး

တိုက်ပွဲသည်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲပုံစံဖြစ်ပြီးစစ်ကောင်စီဘက်မှ​သေဆုံးထိခိုက်မှုအခြေအနေကိုမသိရသေးဟုအထက်ပါ PDFက​ပြောသည်။

(ဓါတ်ပုံ-တမူးPDF တပ်ဖွဲ့ဝင်အချို့)
(ဓါတ်ပုံ-တမူးPDF တပ်ဖွဲ့ဝင်အချို့)

ယနေ့(ဇူလိုင် ၁၆ရက်)နံနက်ပိုင်းကဖြစ်ပွားခဲ့​သော တမူးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့သည်။

တမူးမြို့အထွက် ဆီဆိုင်အနီးတွင် စစ်ကောင်စီတပ်နှင့် တမူးမြို့ ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ပွဲ ဖြစ်ခဲ့​ခြင်းဖြစ်သည်။ပြည်သူကာကွယ်ရေးရဲဘော်အချို့ မြို့ပြင်ဘက်သို့ ထွက်စဥ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း ပြည်သူ့ရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲသည်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲပုံစံဖြစ်ပြီးစစ်ကောင်စီဘက်မှ​သေဆုံးထိခိုက်မှုအခြေအနေကိုမသိရသေးဟုအထက်ပါ PDFက​ပြောသည်။

ကျဆုံးPDFရဲ​ဘော်တွင် ဇနီးနှင့်ရင်​သွေးငယ်တစ်ဦးကျန်ရစ်ခဲ့၍ ဝိုင်းဝန်းကူညီရမည်ဖြစ်​ကြောင်းတမူးPDF တပ်ဖွဲ့ဝသ်တစ်ဦးကလည်း​ပြောသည်။

ယနေ့နေ့လယ်ပိုင်းတွင် စစ်ကောင်စီက တမူးမြို့ပြင်ဘက်ဘက်သို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေ၍ ပြည်သူများသတိပြုကြရန် တော်လှန်ရေးရဲဘော်များက သတိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်လည်း ရေတာရှည်မြို့ နယ် စည်ပိုင်းရွာဘက်စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းအဖွဲ့မှ လက် နက်ကြီးများဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ ယင်းစစ်ကြောင်း ဆုတ်ခွာသွားခဲ့သည်။

သတင်း

ဗိုလ်မှုးအဆင့် အသတ်ခံရပြီးနောက် စစ်ကောင်စီက မတူပီမြို့ပေါ်တွင် အင်းအားအများအပြားတိုးချနေသည်။

သတင်း

ယာယီပိတ်ထားချိန်အတွင်းကြေညာချက်ပါလမ်းပိုင်းကိုပြည်သူများ၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံကြောင်း ချောင်းဦး PDFက ထပ်မံသတိပေးသည်။

သတင်း

တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သတင်းကိုအတည်ပြု၍ မရနိုင်သေးကြောင်း ထုတ်ပြန်သည်။