Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီဘဏ် လုံခြုံရေးဂိတ်နဲ့ ပျုစောထီးတွေအခြေချရာ မီးသတ်စခန်း ဗုံးပစ်ခံရ

အဲဒီနောက် ၁၁၇ လမ်းနဲ့ ၅၉D လမ်းမှာရှိတဲ့ ပျုစောထီးအဖွဲ့ဝင်တွေ အခြေချရာ မီးသတ်ရုံးကိုလည်း ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း မန္တလေးမှာဖြစ်ပွားတဲ့ ပေါက်ကွဲမှုကိုတွေ့ရစဉ်(ပုံဟောင်း)
ပြီးခဲ့တဲ့ မတ်လအတွင်း မန္တလေးမှာဖြစ်ပွားတဲ့ ပေါက်ကွဲမှုကိုတွေ့ရစဉ်(ပုံဟောင်း)

မန္တလေးမြို့က စစ်တပ်ပိုင်မြဝတီဘဏ်ရဲ့ အစောင့်ဂိတ်နဲ့ မီးသတ်ရုံးကို လက်ပစ်ဗုံးနဲ့ မနေ့ကညပိုင်းမှာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကြားအဖွဲ့ တွေဖြစ်တဲ့ K.C.G.F – MRRF – MSMF – (MDY-UG တပ်ပေါင်းစု)က ထုတ်ပြန်လာပါတယ်။

မနေ့ကညပိုင်း ၈ နာရီလောက်မှာ ပြည်ကြီးတံခွန်မြို့နယ် ၊ကျွဲဆည်ကန်အနီးက မြဝတီဘဏ် ရဲ့ စစ်ကောင်စီလုံခြုံရေးဂိတ်ကို ဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။

အဲဒီနောက် ၁၁၇ လမ်းနဲ့ ၅၉D လမ်းမှာရှိတဲ့ ပျုစောထီးအဖွဲ့ဝင်တွေ အခြေချရာ မီးသတ်ရုံးကိုလည်း ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"စစ်ကောင်စီရဲ့ စီးပွားရေးကိုအသက်ပေးကာကွယ်နေတဲ့ ရဲနဲ့စစ်သားတွေကိုအကြောက်တရားတခုနဲ့ ဘဝတလျောက်လုံး နေထိုင်သွားရစေဖို့ တိုက်ခိုက်ခဲ့တာပါ"ဟု Kings Cobra Guerrilla Force - MDY မှ ဗိုလ်မြွေပွေးက ပြောသည်။

သတင်း

"Kaung For You နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အတတ်နိုင်ဆုံး ဆက်လက်ပြီးစောင့်ကြည့်ပေးကြဖို့ကျွန်တော်တို့အခြေခံပညာကျောင်းသားလူငယ်များအ စည်းအရုံး(အကလ-ဗဟို)အနေနဲ့နှိုးဆော်ပါတယ်"လို့ ဖော် ပြပါတယ်။

သတင်း

ဒီနေ့မနက်ပိုင်း ၇ နာရီလောက်မှာဆိုင်ကယ်နဲ့ ဈေးထွက်ဝယ်ချိန် မျက်နှာချင်းဆိုင်ကနေ မောင်းလာတဲ့ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ ပစ်သွားတာလို့ ဒေသခံအချို့ကပြောပါတယ်။

သတင်း

မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစောင့်ဂိတ်တဲကိုလည်း မနေ့ကညပိုင်းမှာ ဗုံးပစ်ခံရပြီး ပစ်ခတ်တာတွေရှိခဲ့ပေမယ့် မည်သည့်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။