Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုနယ် အူးခူးရီ​ရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက်၊ အနည်းဆုံးနှစ်ဦးသေဟုဆို

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၅၀ကျော်သေဆုံးကာ ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၂ဦးကျဆုံးခဲ့သည်။

(ရှေ့တန်းတစ်နေရာတွင်တွေ့ရသည့် KNDF တပ်ရင်း - ၅ ရဲဘော်များအား ​တွေ့ရစဥ်)
(ရှေ့တန်းတစ်နေရာတွင်တွေ့ရသည့် KNDF တပ်ရင်း - ၅ ရဲဘော်များအား ​တွေ့ရစဥ်)

ဒီးမော့ဆိုမြို့နယ် အူးခူးရီ​ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အနည်းဆုံးနှစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၅ က ယနေ့(ဇူလိုင် ၁၇ ရက်)ထုတ်ပြန် သည်။

KNDF တပ်ရင်း (၅)တပ်ခွဲ – ၂၊ KNDF တပ်ရင်း – ၁ နှင့် ကရင်နီတပ်မတော်( KA)တို့ပူးပေါင်းကာ ယမန်နေ့ (ဇူလိုင် ၁၆ ရက်) ညနေ ၆ နာရီခွဲက သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲကြာချိန် မိနစ် ၃၀ခန့်ရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး နှစ်ဦးသေဆုံးသည်ဟု အတည်ပြုနိုင်ခဲ့သည်ဟု ဖော်ပြသည်။

အလားတူ ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း KNDF တပ်ရင်း – ၅က အသိပေးသည်။

Public Service Announcement
Public Service Announcement

ယခုလ နှစ်ပတ်အတွင်း ကရင်နီပြည်နယ်၌ စစ်ကောင် စီ၏ စခန်းကုန်းများကို တိုက်ခိုက်ခြင်းနှင့် ထောက်ပို့ယာဥ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုး သားကာကွယ်ရေးတပ်(KNDF)က သီး​ခြားထုတ်ပြန်ထားသည်။

တိုက်ပွဲများအရ ဖယ်ခုံ၊လွိုင်ကော်၊ဒီးမော့ဆို၊ ဘောလခဲနှင့် ဖရူဆိုမြို့နယ်များတွင် ထိတွေ့ မှုများစွာရှိခဲ့သည်။

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၅၀ကျော်သေဆုံးကာ ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၂ဦးကျဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲ၌အထိနာသည့် စစ်ကောင်စီတပ်သည် ဖလမ်း - ဟားခါးအကြားရှိ တာလ်ကျေးရွာနှင့် ချွန်ကျုံးကျေးရွာ တို့မှ နေအိမ် ၃၅လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

" ည ၈ နာရီမထိုးခင် အချိန်များဟာ အလုပ်သမားများ အလုပ်ဆင်း အိမ်ပြန်ချိန်များ ဖြစ်ပါသည်။ဆိုင်ကယ် နှစ်ဦးစီးလို့ အသေသတ်တာ မြန်မာနိုင်ငံမှာပဲရှိပါတယ် ခင်ဗျာ"ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။

နိုင်ငံတကာ

ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံတိုင်းက ပညာရေး အဖွဲ့အစည်းတွေ အနေနဲ့ ရုရှားရဲ့ ကျူးလွန်မှုကို အကြမ်းဖက် လုပ်ရပ် အနေနဲ့ ဝိုင်းဝန်း ရှုတ်ချပေးကြဖို့လည်း မြို့တော်ဝန်က တိုက်တွန်း တောင်းဆိုသွားပါတယ်။

သတင်း

ဇူလိုင် ၁၄ရက်က ဖြစ်ခဲ့သော မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရှမ်းနီတပ်ဖွဲ့(SNA)က ဝင်တိုက်ပေးခဲ့သည်ဟုသတင်းများထွက်ပေါ်နေသည်။တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရမှုအ​ခြေအ​နေကိုမူမသိရသေးပေ။