Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်း – ဟားခါးလမ်းတိုက်ပွဲ ဒဏ်ရာရ စစ်ကောင်စီတပ်သား ၁၅ဦး ဟားခါးဆေးရုံရောက်နေ

တိုက်ပွဲ၌အထိနာသည့် စစ်ကောင်စီတပ်သည် ဖလမ်း – ဟားခါးအကြားရှိ တာလ်ကျေးရွာနှင့် ချွန်ကျုံးကျေးရွာ တို့မှ နေအိမ် ၃၅လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

(ပြီးခဲ့သည့် မတ်လအတွင်းက စစ်​ကောင်စီယာဥ်တန်း ဟားခါးမြို့သို့ ဝင်​ရောက်လာစဥ်၊ ဓာတ်ပုံ - The Chin Journal)
(ပြီးခဲ့သည့် မတ်လအတွင်းက စစ်​ကောင်စီယာဥ်တန်း ဟားခါးမြို့သို့ ဝင်​ရောက်လာစဥ်၊ ဓာတ်ပုံ - The Chin Journal)

▪️စစ်ကောင်စီယာဉ်တန်းအား ချင်းပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် မိုင် ၄၀ကျော်ခရီးကို ၁၀ရက်ကြာ သွားခဲ့ရ

ချင်းပြည်နယ် ဖလမ်းမြို့နှင့် ဟားခါးမြို့အကြား တိုက်ပွဲ တွင် ဒဏ်ရာရခဲ့သည့် စစ်ကောင်စီတပ်သား ၁၅ဦး ဟားခါးဆေးရုံသို့ရောက်ရှိနေကြောင်းThe Chin Journalက ဖော်ပြသည်။

အဆိုပါ လမ်းပိုင်း၌ ဇူလိုင် ၈ရက်မှစ၍ စစ်ကောင်စီတပ်များကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက် ခိုက်ခဲ့ရာ တိုက်ပွဲများမကြာခဏဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ယာဉ်တန်းသည် ယနေ့ (ဇူလိုင် ၁၇ရက်)ညနေပိုင်း၌ ဟားခါးမြို့သို့ရောက်ရှိလာသည်ဟု ဆိုသည်။

အဆိုပါ ယာဉ်တန်းမြို့တွင်းသို့ ဝင်ရောက်နေချိန်တွင်ဟားခါးမြို့ စျေးသစ်ရပ်ကွက်၌ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။

“စကစတွေ စစ်ကား၁၈စီးနဲ့ မြို့ထဲကို ၀င်လာတုန်း ပေါက်ကွဲမှုဖြစ်တာ။ ထိခိုက်ဒဏ်ရာရရှိမှုတွေတော့မရှိဘူး”ဟု ဒေသခံ၏ ပြောကြားချက်ကို The Chin Journalက ဖော်ပြသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ဇူလိုင် ၇ရက်က ဖလမ်းမြို့မှထွက်ခွာလာရာခြင်းဖြစ်သည်။ အဆိုပါလမ်းကို မော်တော် ယာဉ်ဖြင့်သွားပါက ပုံမှန်အားဖြင့် နာရီအနည်းငယ်သာကြာသော်လည်း ယခုအခါ ၁၀ရက်ကြာမြင့်ခဲ့သည်။ ဖလမ်းနှင့်ဟားခါးမြို့သည် မိုင် ၄၀ကျော်သာ ကွာဝေးသည်။

ဖလမ်း – ဟားခါးအကြားတွင် စစ်ကောင်စီ၏ယာဉ်တန်းကို ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC) အဖွဲ့ဝင်များ ဖြစ်သည့် ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ ဟားခါး ချင်းကာကွယ်ရေးတပ်(CDF)၊ ထန်တလန် CDF၊ မတူပီ CDFစသည့် ချင်းလက်နက်ကိုင် ပူးပေါင်းတပ်က အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးများပြားခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ပွဲ၌ ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် နှစ်ဦးကျဆုံးပြီး ဒဏ်ရာရသူ ၁၀ဦးခန့်ရှိကြောင်း The Chin Journalက ဖော်ပြထားသည်။

တိုက်ပွဲ၌အထိနာသည့် စစ်ကောင်စီတပ်သည် ဖလမ်း – ဟားခါးအကြားရှိ တာလ်ကျေးရွာနှင့် ချွန်ကျုံးကျေးရွာ တို့မှ နေအိမ် ၃၅လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၅၀ကျော်သေဆုံးကာ ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၂ဦးကျဆုံးခဲ့သည်။

သတင်း

" ည ၈ နာရီမထိုးခင် အချိန်များဟာ အလုပ်သမားများ အလုပ်ဆင်း အိမ်ပြန်ချိန်များ ဖြစ်ပါသည်။ဆိုင်ကယ် နှစ်ဦးစီးလို့ အသေသတ်တာ မြန်မာနိုင်ငံမှာပဲရှိပါတယ် ခင်ဗျာ"ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။

သတင်း

သေနတ်အစစ်မရှိသေးသည့်အတွက်ကြောင့် လက်နက် ကြီးများကိုသာ အားထားတိုက်ပွဲဝင်နေရကြောင်း၊ ပွဲတိုင်းကျော် လက်နက်ကြီးများကို ယခင်ထက် ပိုမိုထုတ် လုပ်လျက်ရှိကြောင်း Tiger King ပြောက်ကျားတပ်ဖွဲ့ကအသိပေးသည်။

သတင်း

ဇူလိုင် ၁၄ရက်က ဖြစ်ခဲ့သော မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရှမ်းနီတပ်ဖွဲ့(SNA)က ဝင်တိုက်ပေးခဲ့သည်ဟုသတင်းများထွက်ပေါ်နေသည်။တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရမှုအ​ခြေအ​နေကိုမူမသိရသေးပေ။