Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် PDFတိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ကူများကြောင့် နေအိမ်အချို့မီးလောင်

ထို့ကြောင့် မြို့အတွင်းရှိသော ပြည်သူလူထုများအနေဖြင့် အတတ်နိုင်ဆုံး ရှောင်နေပေးရန်နှင့် မြို့တွင်းသွားလာခြင်းများမပြုလုပ်ကြရန်လည်း သတိပေးသည်။

(မိုးဗြဲမြို့ရှိ ပြည်သူနေအိမ်အချို့ ယနေ့ နံနက်ပိုင်းက မီးလောင်နေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ - KGY)
(မိုးဗြဲမြို့ရှိ ပြည်သူနေအိမ်အချို့ ယနေ့ နံနက်ပိုင်းက မီးလောင်နေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ - KGY)

မိုးဗြဲမြို့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင် စီတပ်၏ လက်နက်ကြီးပစ်ကူများကြောင့် ​​ဒေသခံပြည်သူများ၏ နေအိမ်အချို့မီးလောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။

ယနေ့(ဇူလိုင် ၁၈ ရက်)နံနက် ၂နာရီကတည်းက မိုးဗြဲမြို့၊ မားသားဝေါလ်အနီး၊ ကားရေဆေးစင်နှင့် ဘုရားကျောင်းတစ်နေရာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်က လှုပ်ရှားမှုရှိနေသည်ဟု မိုးဗြဲ PDF က ဆိုသည်။

(မိုးဗြဲမြို့ရှိ ပြည်သူနေအိမ်အချို့ ယနေ့ နံနက်ပိုင်းက မီးလောင်နေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ - KGY)
(မိုးဗြဲမြို့ရှိ ပြည်သူနေအိမ်အချို့ ယနေ့ နံနက်ပိုင်းက မီးလောင်နေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ – KGY)

“မနက် ၅ နာရီလောက်ကတည်းက နှစ်ဖက်ထိတွေ့မှုက ဖြစ်နေတာ။ကျန်တဲ့ တိကျတဲ့သတင်း အချက်အလက်ကိုတော့ လက်ရှိ အခြေအနေအရ ပြောဖို့ခက်တယ်”ဟု Mobye Rescue Team တာဝန်ရှိသူက People’s Springသို့ ရှင်းပြသည်။

နံနက် ၇နာရီခွဲအထိ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ကူများ ကြောင့် နေအိမ်တချို့လက်နက်ကြီး ထိမှန်မီးလောင်ပျက်စီးနေသည်ဟု ၎င်းက အသိပေးသည်။

(မိုးဗြဲမြို့ရှိ ပြည်သူနေအိမ်အချို့ ယနေ့ နံနက်ပိုင်းက မီးလောင်နေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ - KGY)
(မိုးဗြဲမြို့ရှိ ပြည်သူနေအိမ်အချို့ ယနေ့ နံနက်ပိုင်းက မီးလောင်နေသည်ကို တွေ့ရစဥ်၊ဓာတ်ပုံ – KGY)

ထို့ကြောင့် မြို့အတွင်းရှိသော ပြည်သူလူထုများအနေဖြင့် အတတ်နိုင်ဆုံး ရှောင်နေပေးရန်နှင့် မြို့တွင်းသွားလာခြင်းများမပြုလုပ်ကြရန်လည်း သတိပေးသည်။

ထို့အပြင် ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းတွင် မိုးဗြဲ မြို့နှင့်ကပ်လျက် ရှိနေသည့် ဖယ်ခုံမြို့တွင်ပါ တိုက်ပွဲ ပြင်းထန်သည်ကို ကြားသိရကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိတွေ့တိုက်ပွဲများမှာ ဇူလိုင် ၁၄ ရက်မှစပြီး ယနေ့ (ဇူလိုင် ၁၈)ရက်အထိ ၅ ရက်ဆက်တိုက်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၂၀ ကျော်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးပျောက်ဆုံးနေပြီး အဆက်အသွယ်ပြတ်တောက်လျှက်ရှိကြောင်း တပ်ရင်း (၈၀၂)က ပြောသည်။

သတင်း

ထန်းကြီးကျေးရွာ၌ ရှေးဟောင်းပစ္စည်းများ၊ အရိုးစုများ၊ရွှေငွေကျောက်မျက်ရတနာ၊ ကျောက်စိမ်းဆင်းတုများ ရရှိသည်ဟုဆိုကြပြီး နေ့စဥ်လူ​ထောင်၊သောင်းချီ လာရောက်ရှာဖွေနေသ​ည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယမန်နေ့(ဇူလိုင် ၁၇)ည ၇ နာရီ ၄၅ ခန့်က တံတားဦးမြို့ ကျောက်နယ်လမ်းဟောင်း စစ်ဆေးရေးဂိတ်အား FLA ဒုတာဝန်ခံမန်းမိုးကြိုးဦးဆောင်ပြီး စစ်ကောင်စီတပ်များရှိနေသော ဂိတ်တဲအတွင်း မိုင်းတစ်လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့ပညာရေးအတွက် ဆောင်ရွက်နေသူများကို အငြိုးတကြီး လိုက်လံဖမ်းဆီးခြင်းသည် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာပညာသင်ယူခွင့်ကို ချိုးဖောက်သည့် အပြင် ပြည်သူလူထုတစ်ရပ်လုံးအား ခြိမ်းခြောက်မှုဖြစ်သည်ဟု ထောက်ပြသည်။