Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဓာတ်ဆီပေပါများတွင် ရေရောစပ်ထား၍ ကား၊ဆိုင်ကယ်များပျက်စီးကြောင်း တိုင်တန်းလာသဖြင့် ကုန်တင်ယာဥ်နှစ်စီးနှင့် ယာဥ်မောင်းကိုထိန်းသိမ်းထား ကြောင်း ကောလင်း(ပအဖ) ထုတ်ပြန်

နောက်နောင်တွင်လည်း ယခုလိုအများပြည်သူအကျိုးကိုထိခိုက်အောင် လုပ်ဆောင်လာမည့် မည်သူ့ကိုမဆို ဖမ်းဆီးပြီးထိုက်သင့်သည့် ပစ်ဒဏ်များချမှတ်သွားမည်ဟု ကောလင်း (ပအဖ)က သတိပေးသည်။

(ပြီးခဲ့သည့် မေလအတွင်းက ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီအသုံးပြုမည့် ဓာတ်ဆီပေပါများကို နဂါးညီနောင်အထူးတပ်ဖွဲ့ (DBTF)က သိမ်းဆည်း ရမိခဲ့စဥ်)
(ပြီးခဲ့သည့် မေလအတွင်းက ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီအသုံးပြုမည့် ဓာတ်ဆီပေပါများကို နဂါးညီနောင်အထူးတပ်ဖွဲ့ (DBTF)က သိမ်းဆည်း ရမိခဲ့စဥ်)

ဓာတ်ဆီပေပါ ၁၀၇လုံးတွင် ရေရောစပ်ထား၍ သုံးစွဲသူမိဘပြည်သူများ၏ ကား၊ဆိုင်ကယ်များ ပျက်စီးကြောင်း တိုင်တန်းလာသဖြင့် ဓာတ်ဆီပေပါတင်လာသည့် ကုန်တင်ယာဥ်နှစ်စီးနှင့် ယာဥ်မောင်းကိုထိန်းသိမ်းထားကြောင်း ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယနေ့(ဇူလိုင် ၁၈ ရက်) ထုတ်ပြန်သည်။

ကောလင်းခရိုင်၊ကောလင်းမြို့သို့ ဇူလိုင်၁၆ ရက်က ကုန်တင်ကားနှစ်စီးဖြင့် တင်ပို့လာသော ဓာတ်ဆီပေပါများတွင် ရေရောစပ်ထား၍ သုံးစွဲသူမိဘ ပြည်သူများ၏ ကား၊ဆိုင်ကယ်များ ပျက်စီးကြောင်းတိုင်တန်းလာသဖြင့် ကောလင်းမြို့နယ် ပြည်သူအုပ်ချုပ်ရေး (ပအဖ)၊
ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ကောလင်းမြို့နယ် ပြည်သူ့လုံခြုံရေး(ပလဖ) တို့က အဆိုပါ ဓာတ်ဆီပေပါကိုပို့ဆောင်လာသော ကားနှစ်စီးနှင့်ယဥ်မောင်းနှစ်ဦးတို့အား ခေတ္တထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

နစ်နာသည့်ပြည်သူများနှင့် ကုန်သည်တို့အား ဆွေးနွေး ညှိနှိုင်းခိုင်းထားပြီး ထိန်းသိမ်းခံထားရသော ယာဥ်မှာ ၁၂ဘီးယာဥ် (4N/ 6650) နှင့် ခြောက်ဘီးယာဥ်တစ်စီး (8J / 3962)တို့ဖြစ်ကြောင်း အသိပေးသည်။

နောက်နောင်တွင်လည်း ယခုလိုအများပြည်သူအကျိုးကိုထိခိုက်အောင် လုပ်ဆောင်လာမည့် မည်သူ့ကိုမဆို ဖမ်းဆီးပြီးထိုက်သင့်သည့် ပစ်ဒဏ်များချမှတ်သွားမည်ဟု ကောလင်း (ပအဖ)က သတိပေးသည်။

မကြာသေးမီရက်ပိုင်းကလည်း ကောလင်းခရိုင်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအနေဖြင့် ဇူလိုင် ၁၅ရက်နောက်ဆုံးထား၍ ရာထူးတာဝန်မှ စွန့်ခွာကြရန် ၊တာဝန်ကျရာနယ်မြေမှ စွန့်ခွာကြရန်ညွှန်ကြားလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကောလင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကြေညာထားသည်။

ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက အကြမ်းဖက်ယန္တရားတွင် ကိုယ်တိုင် ကာယကံမြောက်ပါဝင်ကာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေ များနှင့်အညီ ပြင်းထန်စွာ အရေးယူဆောင် ရွက်မည်ဟု ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ၊ ရပ်ကွက်မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်း တာဝန်ပေးလျက်ရှိရာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားကို စတင်လည်ပတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်ကြပ်ကြီး ထွန်းလင်းထံမှ ၅ ဒသမ ၅၆ ကျည် ၁၇ တောင့်၊ ဓားရှည် ၁ ချောင်း ၊ ဓားမြှောင် ၂ ချောင်း၊ လက်လုပ်ပစ္စတို (အပျက်)၁ လက် ၊ လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့သည်။

သတင်း

မူးယစ်ဆေးဝါး ထည့်ထားသည့် ခွက်ပေါင်း ၁၂၈ခွက်အား ဇွန်လ ၂၁ရက်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

News

ဒေသခံအရပ်သားများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး အခြားဒေသမှ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ တပြိုင်နက်တိုက်ပွဲဖော်ပေးကြရန် မြို့ခံတစ်ဦးက အကူအညီတောင်းသည်။