Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှေး​​ဟောင်းပစ္စည်းနှင့်ရတနာများ​တွေ့သည်ဆို​သောဝက်လက်မြို့နယ်၊ ထန်းကြီးရွာကိုစစ်​ကောင်စီတပ်လာတပ်စွဲ

ထန်းကြီးကျေးရွာ၌ ရှေးဟောင်းပစ္စည်းများ၊ အရိုးစုများ၊ရွှေငွေကျောက်မျက်ရတနာ၊ ကျောက်စိမ်းဆင်းတုများ ရရှိသည်ဟုဆိုကြပြီး နေ့စဥ်လူ​ထောင်၊သောင်းချီ လာရောက်ရှာဖွေနေသ​ည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထန်းကြီးကျေးရွာတွင် ရတနာများတွေ့ရှိသည်ဟုဆိုကာ နေ့စဥ် လူ​ထောင်၊​သောင်းချီ လာရောက်တူးနေကြစဥ်။ဓါတ်ပုံ-CJ
ထန်းကြီးကျေးရွာတွင် ရတနာများတွေ့ရှိသည်ဟုဆိုကာ နေ့စဥ် လူ​ထောင်၊​သောင်းချီ လာရောက်တူးနေကြစဥ်။ဓါတ်ပုံ-CJ

ရှေးဟောင်းပစ္စည်းနှင့်ရတနာများတွေ့ရှိသည်ဟုဆိုကာလူ​ထောင်၊သောင်းချီ လာရောက်တူးဖော်နေသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကိုစစ်​ကောင်စီတ​ပ်က တပ်စွဲလိုက်ကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ရှေးဟောင်းပစ္စည်းနှင့်ရတနာများ​တွေ့ရှိသည်ဟုဆိုကာရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကိုနေ့စဥ်လူတစ်သောင်းကျော်လာရောက်ရှာဖွေတူးဖော်ခဲ့ကြသည်။

ယနေ့ (ဇူလိုင်လ ၁၈ရက နံနက် ၄နာရီခွဲခန့်က အကြမ်းဖက်စစ်တပ်သည် ထန်းကြီးကျေးရွာသို့ အင်အား ၇၀ ဝန်းကျင်၊ ကားနှစ်စီးဖြင့် ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲလိုက်ကြောင်း၊ ထို့အပြင် ရွာအနောက်ဘက်ကုန်းပေါ်တွင်လ​ည်း တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၁၈ နံနက်ပိုင်းက ထန်းကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်တပ်စွဲပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ
ဇူလိုင် ၁၈ နံနက်ပိုင်းက ထန်းကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်တပ်စွဲပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ

“ရတနာမြေအကြောင်း Facebook ပေါ်တင်နေတဲ့အကျိုးဆက်လို့ထင်တယ်။ဇွန်၂၈ ရက်လည်းမနက်ပိုင်းမှာအဲဒီသတင်းတက်လာပြီးညနေပိုင်းကြတော့သူတို့ဝင်လာတာပဲ။ တချို့ကလည်း ရတနာတွေ သုံးပိဿာတောင်ရတယ်ဆိုပြီး သတင်းတွေလည်း ထွက်နေတယ်။ ဒါကြောင့်ဝင်လာတာဖြစ်မယ်။”ဟု ဝက်လက်ဒေသခံတစ်ဦးကပြောသည်။

ထန်းကြီးကျေးရွာ၌ ရှေးဟောင်းပစ္စည်းများ၊ အရိုးစုများ၊ရွှေငွေကျောက်မျက်ရတနာ၊ ကျောက်စိမ်းဆင်းတုများ ရရှိသည်ဟုဆိုကြပြီး နေ့စဥ်လူ​ထောင်၊သောင်းချီ လာရောက်ရှာဖွေနေသ​ည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း - သာဝတ္တိ - မုံလှ ကွန်ကရစ်လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က သတိပေးထားသည်။

သတင်း

နံနက် ၄ နာရီခွဲခန့်တွင်ကျောက်မြောင်းဘက်မှ ရွှေဘို ဘက်သို့ ဆိုင်ကယ်ဖြင့် မျှစ်ရောင်းရန် သွားသော လင်မယားနှစ်ဦးအား တအုံရွာ အရှေ့ဘက်တွင်အကြမ်းဖက်စစ်တပ်ကပစ်ခတ်သတ်ဖြတ်သွားကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးသည်။

သတင်း

ပြီးခဲ့သည့် ဧပြီလကလည်း မတူပီမြို့အခြေစိုက်စစ်ကောင်စီ၏ စစ်ဗျူဟာစခန်းမှ တပ်သားချစ်ကိုကိုနှင့် မုံရွာအခြေစိုက် ထပရ(၉၂၉)မှ တပ်သားဖြိုးမင်းတို့သည် သေနတ် သုံးလက်နှင့်အတူ CDM ပြုလုပ်ကာ မတူပီ CDFထံ အလင်းဝင်ခဲ့သည်။

သတင်း

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ ပြောသည်။ တိုက်ပွဲအခြေအနေကို မေးမြန်းရန် KIAထံ ဆက်သွယ်သော် လည်း မရသေးပေ။