Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လှိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ဗိုလ်ကြီးအဆင့်ရှိသူ အောင်နိုင်ဖြိုးနှင့်၎င်း၏ဇနီး ပစ်သတ်ခံရ

မကြာသေးမီလပိုင်းက မြို့ပြစစ်ဆင်ရေးများ အရှိန်မြှင့်တော့မည်ဟု တော်လှန်ရေးအင်အားစုများ၏ ကြေညာပြီးနောက် ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်တပ်မှအရာရှိအဆင့်တစ်ဦး သေဆုံးခဲ့သည်။

People's Spring
People's Spring

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ အောင်နိုင်ဖြိုးနှင့် ၎င်း၏ ဇနီးပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇူလိုင် ၁၈ ရက်) နံနက် ၉ နာရီခွဲခန့်က လှိုင်မြို့နယ်ပိတောက်ချောင်း၊ (၂) ရပ်ကွက်၊ ဘုရင့်နောင် (၉) လမ်းတွင် ပစ်သတ်ခံရခြင်းဟု ဆိုသည်။

“သူတို့နေတာက ဘုရင့်နောင် (၄)လမ်းထဲမှာလို့ပြောတယ်။ ကားနဲ့ထွက်လာတဲ့အချိန် ဘုရင့်နောင် (၉)လမ်းထဲမှာ ပစ်သတ်ခံရတာ”ဟု လှိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းပေ့ချ် များ၏ အဆိုအရ သေနတ်ဖြင့် ငါးချက်အနီးကပ်ပစ်ခတ်သဖြင့် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့်မဂျူးဂျူးအောင်တို့တွင် လည်ပင်းနှင့်နား ထင်ကျည်ထိမှန်ဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဖော်ပြသည်။

မကြာသေးမီလပိုင်းက မြို့ပြစစ်ဆင်ရေးများ အရှိန်မြှင့်တော့မည်ဟု တော်လှန်ရေးအင်အားစုများ၏ ကြေညာပြီးနောက် ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်တပ်မှအရာရှိအဆင့်တစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း မရမ်းကုန်း၊ရွှေပြည်သာ၊ မြောက်ဒဂုံမြို့နယ်တို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်သားအချို့ကို မြို့ပြပြောက်ကျားအဖွဲ့များက ရှင်းလင်းထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း - သာဝတ္တိ - မုံလှ ကွန်ကရစ်လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က သတိပေးထားသည်။

သတင်း

နံနက် ၄ နာရီခွဲခန့်တွင်ကျောက်မြောင်းဘက်မှ ရွှေဘို ဘက်သို့ ဆိုင်ကယ်ဖြင့် မျှစ်ရောင်းရန် သွားသော လင်မယားနှစ်ဦးအား တအုံရွာ အရှေ့ဘက်တွင်အကြမ်းဖက်စစ်တပ်ကပစ်ခတ်သတ်ဖြတ်သွားကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးသည်။

သတင်း

ပြီးခဲ့သည့် ဧပြီလကလည်း မတူပီမြို့အခြေစိုက်စစ်ကောင်စီ၏ စစ်ဗျူဟာစခန်းမှ တပ်သားချစ်ကိုကိုနှင့် မုံရွာအခြေစိုက် ထပရ(၉၂၉)မှ တပ်သားဖြိုးမင်းတို့သည် သေနတ် သုံးလက်နှင့်အတူ CDM ပြုလုပ်ကာ မတူပီ CDFထံ အလင်းဝင်ခဲ့သည်။

သတင်း

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ ပြောသည်။ တိုက်ပွဲအခြေအနေကို မေးမြန်းရန် KIAထံ ဆက်သွယ်သော် လည်း မရသေးပေ။