Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့နယ်၊ မြင်းဒေါင်း-သာဝတ္တိ-မုံလှလမ်းပိုင်းတွင်ယာဥ်များဖြတ်သန်းသွားလာခြင်းမပြုရန်သတိ​ပေး

ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မချင်း ဤလမ်းပိုင်းအား လုံးဝအသုံးမပြုကြပါရန်လညွးအသိပေးသည်။

(ယာယီပိတ်ထားသည့် မြင်းဒေါင်း-သာဝတ္တိ-မုံလှလမ်းပိုင်းအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ယာယီပိတ်ထားသည့် မြင်းဒေါင်း-သာဝတ္တိ-မုံလှလမ်းပိုင်းအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း-သာဝတ္တိ-မုံလှလမ်းပိုင်းအားယာဥ်များ ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း Armed Revolutionary Force K.Uက အရေးပေါ်သတိပေးထုတ်ပြန် ကြေညာသည်။

ယနေ့(ဇူလိုင်လ ၁၈ ရက်)နံနက်ပိုင်းမှစတင်ကာခင်ဦးမြို့နယ်၊မြင်းဒေါင်း – သာဝတ္တိ – မုံလှ ကွန်ကရစ် လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန် ARF-KU က မေတ္တာရပ်ခံသည်။

ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မချင်း ဤလမ်းပိုင်းအား လုံးဝအသုံးမပြုကြပါရန်လညွးအသိပေးသည်။

ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ခတ်မှုများပါ ပြုလုပ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း - သာဝတ္တိ - မုံလှ ကွန်ကရစ်လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က သတိပေးထားသည်။

သတင်း

တရားမဝင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲ ခြင်းများနှင့် စစ်တပ်ထုတ်ကုန်များ လက်လီ၊လက်ကားရောင်းချခြင်း၊သုံးစွဲခြင်းများကို အရေးယူမည်ဟု သတိပေးသည်။

သတင်း

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ KSO ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People's Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတင်း

ဇူလိုင်လ ၇ ရက်၊နံနက် ၈နာရီခွဲခန့်တွင် ခင်ဦးမြို့၏ အရှေ့ဘက် ၆ မိုင်ခန့်အကွာ ခင်ဦး-ရွှေဘို-မြစ်ကြီးနားကားလမ်းတစ်လျှောက်၌ခင်ဦးမြို့မရဲစခန်းမှ ဒုရဲအုပ်သန်းနိုင်ထွန်းဆိုသူက ဦးစီးကာကင်းပတ်ရန်ထွက်ခွာလာခဲ့သည်။