Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲကင်းစခန်းမှ ရဲတစ်ဦး ရှင်းလင်းခံရ

ရဲတပ်သားစည်သူအောင်၏ နားထင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး စစ်ကိုင်းပြည်သူ့ ဆေးရုံကြီး ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(စစ်တပ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြသူများအား ဖြိုခွင်းရန် ပြင်ဆင်နေသော ရဲတပ်ဖွဲ့အား တွေ့ရစဥ်)
(စစ်တပ်အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြသူများအား ဖြိုခွင်းရန် ပြင်ဆင်နေသော ရဲတပ်ဖွဲ့အား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။

ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက် ၇နာရီခွဲခန့်က ညောင်ပင်ဝန်းရဲကင်းစခန်းမှ ရဲတပ်သား စည်သူအောင်သည် ညောင်ပင်ဝန်းကျေးရွာဈေးအတွင်း ဈေးဝယ်ရန်တစ်ဦးတည်း ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ရာ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြား ရေးက သတင်းထုတ်ပြန်သည်။

ရဲတပ်သားစည်သူအောင်၏ နားထင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး စစ်ကိုင်းပြည်သူ့ ဆေးရုံကြီး ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ညောင်ပင်ဝန်းရဲစခန်းသည် မုံရွာ – မန္တလေးလမ်းမကြီးပေါ် ညောင်ပင်ဝန်း ကျေးရွာတွင် တည်ရှိပြီး အဆိုပါစခန်းရှိ အကြမ်းဖက်အုပ်စုသည် ခရီးသွားပြည်သူများအား မကြာခဏဖမ်းဆီး၊စစ်ဆေး ၊ပစ်ခတ်ခြင်း၊ ရွာသူရွာသားများအား ဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

IBEC ဆရာတော်သည် ငြိမ်းချမ်းရေးအသံကောင်းဟစ်လျက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ဖက်ဆစ်စစ်တပ်နှင့် တစ်တန်းတည်းထားကာ အကြမ်းသမားများဟု လှည့်လည်ဝါဒဖြန့်နေသည်ဟု သံဃသမဂ္ဂ(မန္တလေး)က ထုတ်ပြန်သည့်စာတွင် အရှင်ရဋ္ဌပါလက ရေးသားသည်။

သတင်း

လတ်တလောတွင် ရေစကြိုနယ်နှင့် မြို့နယ်တို့တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြားမကြာခဏ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးများဖြင့်ပါ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဒေသကာကွယ်ရေးတပ်များက ထပ်မံတိုက်ခိုက်နိုင်သည်ဟု သတင်းစကားကြောင့် စစ်ကောင်စီတပ်က စုံစင်ဖျားကျေးရွာနှင့် သရက်ချောင်းမြို့ ရဲစခန်းများကို အင်အားအလုံးအရင်း ဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောသည်။ လက်ရှိတင် သရက်ချောင်းမြို့ပေါ်တွင်လည်း လုံခြုံရေးတင်းကြပ်ထားသည်။