Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တွင်မီးဖို​ချောင်သုံးဓါတ်​ငွေ့ရည်ပြတ်လပ်၊ ဈေးနှစ်ဆနီးပါးတက်

ဇွန်လကုန်ပိုင်းက LPGတစ်ပိဿာကို ကျပ် ၅၀၀၀ သာရှိရာမှ ယနေ့(ဇူလိုင်၁၈ )တွင် တစ်ပိဿာကို ကျပ် ၁၀၀၀၀ခန့်ရှိလာပြီး ​ဈေးနှစ်ဆနီးပါးတက်လာခြင်းဖြစ်သည်။

(​မီးဖို​ချောင်သုံးရေနံဓါတ်​ငွေ့ရည်တစ်တပိဿာလျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ခန့်အထိ့တက်လာသည်။ ဓါတ်ပုံ-CJ)
(​မီးဖို​ချောင်သုံးရေနံဓါတ်​ငွေ့ရည်တစ်တပိဿာလျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ခန့်အထိ့တက်လာသည်။ ဓါတ်ပုံ-CJ)

ရန်ကုန်မြို့တွင် မီးဖိုချောင်သုံး ဓာတ်ငွေ့ရည်(LPG)ပြတ်လပ်နေပြီး ဈေးနှုန်းများနှစ်ဆနီးပါးတက်လာ​ကြောင်း ဓာတ်ငွေ့ရည်ဝယ်ယူခဲ့သူများကပြောသည်။

မီးဖိုချောင်းသုံး ဓာတ်ငွေ့ဟူခေါ်သည့် ရေနံသဘာဝဓာတ်ငွေရည်(LPG)သည် အရောင်းဆိုင်များတွင် ယခုရက်ပိုင်း ပြတ်လပ်နေပြီး LPGတစ်ပိဿာကို ကျပ်တစ်သောင်းခန့်ရှိလာသည်ဟု ဝယ်ခဲ့သူများကပြောသည်။

“ဆိုင်တွေ ပတ်ပြီးလိုက်ဖြည့်တာ ဆိုင်အားလုံးနီးပါး ပြတ်နေတယ်။ ဆိုင်တဆိုင်မှာတော့ တစ်ယောက်ကို ၃ ပိဿာလောက်ပဲရောင်းပေးလို့ ဝယ်ခဲ့ရတယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

ဇွန်လကုန်ပိုင်းက LPGတစ်ပိဿာကို ကျပ် ၅၀၀၀ သာရှိရာမှ ယနေ့(ဇူလိုင်၁၈ )တွင် တစ်ပိဿာကို ကျပ် ၁၀၀၀၀ခန့်ရှိလာပြီး ​ဈေးနှစ်ဆနီးပါးတက်လာခြင်းဖြစ်သည်။

အချို့ဆိုင်များတွင် ကျပ် ၈၀၀၀ခန့်ဖြင့်ရောင်းချပေးနေသော်လည်း အများစုမှ ကျပ် တစ်သောင်းဝန်းကျင်ဖြင့်ရောင်းချနေသည်ဟု LPGအရောင်းဆိုင်များထံမှသိရသည်။

လက်ရှိတွင် ဆိပ်ကမ်းမှ တင်ပို့နေသည့် LPGသင်္ဘောသည် အခွန်စနစ်နှင့် ဒေါ်လာပေးချေရန် အခက်အခဲများရှိနေခြင်းကြောင့် ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသွားပြီးနောက် ယခုကဲ့သို့ ဈေးကွက်အတွင်း LPGပြတ်လပ်ခြင်းဖြစ်သည်ဟု LPGအရာင်းဆိုင်မန်နေဂျာတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံမှရေနံသဘာဝဓာတ်ငွေ့ရည်တင်သွင်းမှုကို ဇူလိုင် ၂၀ ရက်က စတင်ပြီး ပုံမှန်အတိုင်းပြန်လည်တင်သွင်းမည်ဟု ထိုင်းနိုင်ငံမှ ရေနံသဘာဝဓာတ်ငွေ့ရည်တင်သွင်း​ရောင်းချနေသည့် AwRa ကုမ္ပဏီက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇူလိုင် ၃ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ နွားထိုးကြီး PDF ၏စခန်းတစ်ခုကို ဝင်စီးခဲ့ရာ လက်နက်ခဲယမ်းများဆုံးရှုံးခဲ့ရပြီး စားဖိုမှူးအရပ်သားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

သတင်း

ထိုပြင် ရန်ကုန်မြို့၏ အချက်အချာကျသည့်နေရာရှိစစ်တပ်ပိုင်မြေများကို နွေဦးတော်လှန်ရေး အထိမ်းအမှတ် ပန်းခြံပါဝင်သည့် စိမ်းလန်းဧရိယာ(Green Area) တစ်ခုအဖြစ်ဖော်ဆောင်သွားမည်ဖြစ်ပြီး ၎င်းအတွက် စီမံကိန်းအဆိုပြုလွှားများဖိတ်ခေါ်သွားမည်ဟုထုတ်ပြန်ထားသည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန် လည် ဖြေကြားခြင်းမရှိသေးပေ။ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People's Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတင်း

လုံခြုံရေးအခြေအနေအရ စစ်ဆင်ရေးအားလုံးကို သတင်းမထုတ်ပြန်နိုင်သော်လည်း အသံကိုနားစွင့်ကာ အကြမ်းဖက်စစ်ကောင်စီနှင့်ဝေးဝေးနေကြရန် BDA က မေတ္တာရပ်ခံထားသည်။