Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတလင်နယ်ရှိ PDF တပ်ဖွဲ့ခွဲစခန်းတစ်ခု တိုက်ခိုက်ခံရပြီး စခန်းနှင့် အခြားတန်ဖိုးရှိပစ္စည်းများ မီးရှို့ဖျက်ဆီးခံရ

လက်နက်အင်အား၊ လူအင်အား မမျှတမှုကြောင့် စခန်းအားလက်လွတ်ခဲ့ရသဖြင့် စစ်ကောင်စီတပ်များက စခန်းရှိ အဆောင်များအားလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စခန်းအတွင်းရှိ (ပိုက်ဆံ၊ ဖုန်း၊ ကျည်၊ ရိက္ခာ၊ အသုံးအဆောင်)များစွာ ဆုံးရှုံးခဲ့ရသည်ဟု Aung San Generation အဖွဲ့က ဆိုသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်နယ်အတွင်းရှိ PDF တပ်ဖွဲ့ခွဲစခန်းတစ်ခု တိုက်ခိုက်ခံရပြီး စခန်းနှင့် အခြားတန်ဖိုးရှိပစ္စည်းများ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Aung San Generation က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၁၇ရက်) နံနက် ၇ နာရီခန့်က အင်အား ၅၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဘုတလင်နယ်အတွင်း စခန်းချထားသော Aung San Generation၏ တပ်ဖွဲ့ခွဲစခန်းအား လက်နက်ကြီး။ လက်နက်ငယ်များဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်နက်အင်အား၊ လူအင်အား မမျှတမှုကြောင့် စခန်းအားလက်လွတ်ခဲ့ရသဖြင့် စစ်ကောင်စီတပ်များက စခန်းရှိ အဆောင်များအားလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စခန်းအတွင်းရှိ (ပိုက်ဆံ၊ ဖုန်း၊ ကျည်၊ ရိက္ခာ၊ အသုံးအဆောင်)များစွာ ဆုံးရှုံးခဲ့ရသည်ဟု Aung San Generation အဖွဲ့က ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုလည်း ဖြစ်ပွားခဲ့ပြီး စခန်းအတွင်းရှိ မိုင်းများခွဲရာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သော်လည်း Aung San Generation ရဲဘော်များမှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

Aung San Generation အဖွဲ့သည် မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်အခြေစိုက် ဒေသတွင်းအခြားPDFအဖွဲ့များနှင့်ပါ ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ဘက်က ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုထွက်ပြေးမောင်းနှင်သွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဘက်က ငါးဦးသေဆုံးကြောင်း နွားထိုးကြီး PDFက ပြောသည်။

သတင်း

ယခင်က စစ်ကောင်စီတပ်စခန်းရှိရာနေရာများကို KIAက သွားရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးယခုတွင်စစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှု များ ဖြစ်လာသည်ကို တွေ့ရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

သတင်း

"သတိပေးတားမြစ်ချက်အား မလိုက်နာဘဲ တစ်စုံတရာ ဖြစ်ပွားခဲ့ပါက မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘက် မှ တာဝန်ယူမည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ ကျေးဇူးပြု၍ မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်"ဟု မိုးမိတ်မြို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားသည်။

သတင်း

ထို့ကြောင့် မြို့အတွင်းရှိသော ပြည်သူလူထုများအနေဖြင့် အတတ်နိုင်ဆုံး ရှောင်နေပေးရန်နှင့် မြို့တွင်းသွားလာခြင်းများမပြုလုပ်ကြရန်လည်း သတိပေးသည်။