Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာနေအိမ်များအား ဖျက်ဆီးပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးများဖြင့်ပါ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကိုင်းတိုင်းတစ်နေရာတွင် တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီး။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်းတစ်နေရာတွင် တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီး။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ကျေးရွာတစ်ရွာရှိ နေအိမ်များအား ဖျက်ဆီးပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဇွန်လ ၈ရက်)ညနေ ၆နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာတောင်ဘက်၊ ပဒူရွာနှင့် ကံကြီးကုန်းရွာကြားတွင် အင်အားအပြည့်ပါသည့် စစ်ကောင်စီကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်စီးထိမှန်ခဲ့ကာ ထိခိုက်မှုများကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ထိုကားနှစ်စီးသည် ကျောင်းဖြူရွာတွင် နေအိမ်နှစ်လုံးကို ဖျက်ဆီးပြီး ပစ္စည်းများသိမ်းယူလာပြီးနောက် စစ်ကိုင်းမြို့ဘက်သို့ပြန်လာစဥ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

“ကျောင်းဖြူရွာမှာ တပ်စွဲထားတယ်လို့လည်း ပြောတယ် ။ မိုင်းက ၈ လုံးလောက်ကွဲတယ်။ အနီးနားက တချို့ရွာတွေကတော့ ကြောက်လို့ထွက်ပြေးကြတာတွေရှိတယ်ကြားတယ်။”ဟု နယ်ခံတစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးများဖြင့်ပါ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များသည် စစ်ကိုင်းမြို့နယ်အတွင်း ကျေးရွာအများအပြားသို့ စီးနင်းဝင်ရောက်ကာ ဒေသခံများအားဖမ်းဆီးခြင်းများ ပြုလုပ်နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရွှေဘိုမြို့ တရားစီရင်ရေးဌာနသိစေရန်ဟုဆိုကာ ဇွန်လ ၈ ရက်ကစ၍ ဌာနနှင့် တာဝန်မှထွက်ခွာရန် ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့က ​ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲမှာ နံနက် ၁၀ နာရီ မှ ၁၁နာရီအထိတစ်ကြိမ် ညနေ ၅ နာရီ မှ ၆ နာရီတွင် တစ်ကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု အသိပေးသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်၏ အထက်ပါယာဥ်တန်းသည် ပုလဲ-ဂန့်ဂေါလမ်းအတိုင်းမောင်းနှင်၍ ပုံတောင်ပုံညာအနီး မိုင်တိုင် (၅၅)နှင့် (၅၆)ကြားတွင် ရပ်တန့်နေကြောင်း သိရသည်။

သတင်း

စစ်ကောင်စီလက်ပါးစေများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်၍ ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် အမြန်ဆုံးပူးပေါင်းကြရန်လည်း PDFရဲဘော် တိုက်တွန်းသည်။