Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခြင်းမရှိ

ဒီနှစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်အချုပ်ထောင်ထဲ ထည့်ထားပြီး အာဇာနည်နေ့ကို စစ်အုပ်စုကဖြတ်သန်းစေတာပါ။

အာဇာနည်နေ့ခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခြင်းမရှိ
အာဇာနည်နေ့ခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခြင်းမရှိ

ဒီနေ့မှာကျရောက်တဲ့ ၇၅ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းမိသားစုနဲ့ ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခဲ့တာမရှိတာကိုတွေ့ရပါတယ်။

ဦးဘဝင်းဟာ ဗိုလ်ချုပ်ရဲ့အကိုအကြီးဆုံးဖြစ်ပြီး ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ချိန်မှာ လုပ်ကြံခံရတာပါ။

စစ်ကောင်စီက စီစဉ်တဲ့ ဒီနေ့အာဇာနည်နေ့အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းမိသားစုကိုယ်စားနဲ့ ဦးဘဝင်း မိသားစုကိုယ်စား စစ်ကောင်စီရဲ့ အခမ်းအနားကျင်းပရေး ဆပ်မကော်မတီဝင် တစ်ဦးစီက ပန်းခွေချခဲ့ပါတယ်။

အာဇာနည်နေ့ခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခြင်းမရှိ
အာဇာနည်နေ့ခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခြင်းမရှိ

ဒီလိုလွမ်းသူပန်းခွေချရာမှာလည်း ဗိုလ်ချုပ်အတွက် ပန်းခွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည် ထည့်သွင်းဖော်ပြတာမရှိပါဘူး။

နိုင်ငံရေးအကဲခတ်တွေကတော့ အာဏာသိမ်းစစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို လူမြင်ကွင်းရှေ့ ပေါ်ထွက်လာမှာကို မလိုလားတဲ့အတွက် တမင်ဖျောက်ထားပုံရတယ်လို့သုံးသပ်ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်က အာဇာနည်နေ့အခမ်းအနားမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့မြင်ရတာမရှိပါဘူး။

အာဇာနည်နေ့ခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခြင်းမရှိ
အာဇာနည်နေ့ခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်းမိသားစုဝင်တွေ တက်ရောက်ခြင်းမရှိ

ဒီနှစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်အချုပ်ထောင်ထဲ ထည့်ထားပြီး အာဇာနည်နေ့ကို စစ်အုပ်စုကဖြတ်သန်းစေတာပါ။

ဒီနေ့ အာဇာနည်နေ့အခမ်းအနားကို စစ်အုပ်စုရဲ့ ဒုတိယခေါင်းဆောင် အရပ်ဝတ်နဲ့တက်ရောက်လာတာတွေ့ရပါတယ်။

အာဇာနည်နေ့အခမ်းအနားမတိုင်ခင်ကတည်းက ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သူ့ကျွန်ဘဝကလွတ်မြောက်ရန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ယခုလက်ရှိ စစ်ကျွန်ဘဝက လွတ်မြောက်ရန် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ကြသည့် အာဇာနည်များကိုလည်း ဦးညွှတ်အလေးပြုခဲ့ကြသည်။

သတင်း

ထို့အပြင် အာဇာနည်နေ့အကြို ပြိုင်ပွဲများအဖြစ် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြော ပြိုင်ပွဲနှင့် အာဇာနည်နေ့အ​ကြောင်း ကဗျာရွတ်ဆို ပြိုင်ပွဲများပါ ထည့်သွင်းကျင်းပသွားမည်​ ဖြစ်သည်။

သတင်း

အဆိုပါကြွေလွင့်သွားသော ပြည်သူ ၁၆ ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် နှင့်အတူ ကျင်းပခဲ့ပြီး ကြွေလွင့်သွားသော ပြည်သူများ၏ မိသားစုဝင်များ၊ တော်လှန်ရေး အင်အားစုများ ၊ ဒေသခံ ပြည်သူ ၅ဝဝကျော် တက်ရောက်ခဲ့ကြသည်။

သတင်း

အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးချုပ်၊ ညီနောင်မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များ၊ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးစသဖြင့် အသီးသီးတက်ရောက်ခဲ့ကြောင်း အသိပေးသည်။