Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက် – ဆိပ်ဖြူလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တစ်စီးကို မိုင်းဆွဲ တိုက်ခိုက်၊ ယာဥ်ပျက်စီးပြီး ခုနစ်ဦးထိခိုက်

ထို့အပြင် ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းကို ဆော – ဆိပ်ဖြူလမ်းပိုင်းမှာ လောင်းရှည်ဒေသကာ ကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေဆုံး ကြောင်း ယင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

(တပ်ရင်း (၇၁၂)ပြည်သူ့အင်အားတပ်ပေါင်းစု PPC မှ တော်လှန်ရေးရဲဘော်များ အား တွေ့ရစဥ်)
(တပ်ရင်း (၇၁၂)ပြည်သူ့အင်အားတပ်ပေါင်းစု PPC မှ တော်လှန်ရေးရဲဘော်များ အား တွေ့ရစဥ်)

မကွေးတိုင်းဒေသကြီး ပေါက် – ဆိပ်ဖြူလမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း(၇၁၂)ပြည်သူ့စွမ်းအား တပ်ပေါင်းစု(PPC)က ယနေ့(ဇူလိုင် ၁၉)ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၁၈ ရက်) နံနက် ၈ နာရီ ၄၅ ခန့်က ဆိပ်ဖြူမြို့နယ် ပေါက် – ဆိပ်ဖြူလမ်းပိုင်း ရွှေဘိုကျွန်း၏ အရှေ့ဘက် ကန်ပေါ်တက်နေရာတွင် စစ်ကောင်စီတပ်၏ ယာဥ်တစ်စီးကို PPC မှ မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဥ်ပျက်စီးပြီး ခုနစ်ဦးထိခိုက်သွားကြောင်း ဖော်ပြ သည်။

“ကပစ ၂၂ ကို ဦးတည်သွားနေတဲ့ စခကားအကြီးတစ်စီး ကို မိုင်း၂ လုံးဆွဲပါ တယ်ဗျ။ ရွှေဘိုကျွန်းနဲ့ တွင်းမငယ်ကြားမှာဗျ”ဟု PPC မှ တော်လှန်ရေးရဲဘော် တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုနှင့် စပ်လျဥ်းပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိပ်မသိရသေးဘဲ တော်လှန်ရေးရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းကို ဆော – ဆိပ်ဖြူလမ်းပိုင်းမှာ လောင်းရှည်ဒေသကာ ကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေဆုံး ကြောင်း ယင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယခုတိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်အဖြစ် သတိပေးဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး နောက်တစ်ကြိမ်ဆိုလျှင် ၎င်း၏အသက်အန္တရာယ်အား တာဝန်ယူတော့မည်မဟုတ်ကြောင်း K.C.G.F ၊ MRRF ၊ MSMS စသည့် MDY-UG တပ်ပေါင်းစုက သတိပေးထားသည်။

သတင်း

ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီအမြောက်တပ်မှ ယနေ့တွင် လက်နက်ကြီးဖြင့် တနေကုန်ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော အလှမ်းဝေးသည့် ဒေါတဝီး နှင့် ဒေါရောက်ခူ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KRU က ဆိုသည်။

သတင်း

"ကျွန်တော်တို့ ပြည်သူအတွက် အတတ်နိုင်ဆုံးကာကွယ်သွားပါမယ် ပြည်သူ့မေတ္တာကြောင့် အကောင်းဆုံးတိုက်ပွဲဝင်နိုင်မှာပါ"ဟု LSRPDF မှ ရဲဘော်တစ်ဦးက ပြောသည်။