Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့ ချမ်းမြသာစည်မှ စစ်ကောင်စီခန့်အုပ်ကြီးတစ်ဦးနေအိမ်ကို ဖောက်ခွဲတိုက်ခိုက်

ယခုတိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်အဖြစ် သတိပေးဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး နောက်တစ်ကြိမ်ဆိုလျှင် ၎င်း၏အသက်အန္တရာယ်အား တာဝန်ယူတော့မည်မဟုတ်ကြောင်း K.C.G.F ၊ MRRF ၊ MSMS စသည့် MDY-UG တပ်ပေါင်းစုက သတိပေးထားသည်။

(တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်လုပ်မိုင်းတစ်မျိုးအား တွေ့ရစဥ်)
(တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် လက်လုပ်မိုင်းတစ်မျိုးအား တွေ့ရစဥ်)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ စစ်ကောင်စီခန့်အုပ် ချုပ်ရေးမှူးတစ်ဦး၏ နေအိမ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(KCGF)က ယနေ့(ဇူလိုင် ၁၉)ထုတ်ပြန်သည်။

ချမ်းမြသာစည်မြို့နယ် (၆၂)လမ်း၊ (၁၀၇)လမ်းနေ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ကြီးလည်း ဖြစ်သူ ပျုစောထီးအဖွဲ့ဝင် ဦးထွန်းထွန်း၏ နေအိမ်ကို ယမန်နေ့ (ဇူလိုင် ၁၈ ရက်) ည ၈နာရီခွဲတွင် လက်လုပ်မိုင်းတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း ဖော်ပြသည်။

“နောက်ဆက်တွဲ အထိအခိုက်မသိရဘူးခင်ဗျ။ ပြည်သူကိုဖိနှိပ်နေလို့ တိုက်ခိုက်ခဲ့တာပါ။ အဲဒီအုပ်ကြီးဟာ လာဘ်စားတဲ့နေရာမှာလည်း စံပဲခင်မျ”ဟု KCGF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မြွေပွေးက ပြောသည်။

စစ်ကောင်စီခန့်အုပ်ကြီး ဦးထွန်းထွန်းသည် အကြမ်းဖက်စစ်ကောင်စီ သြဇာခံလျက် စစ်ကောင်စီ၏ လုပ်ငန်းရပ်အများကိုအားတက်သရောပါဝင် ကူညီနေပြီး အထူးသဖြင့် ဒေသခံများ၏ နေအိမ်များကို တပည့်တပမ်းများဖြင့် ဖျက်သိမ်းရာတွင် နာမည်ကြီးသူတစ်ဦးဖြစ်ကြောင်းလည်း ထောက်ပြသည်။

“ပြည်သူက သတင်းပေးတာ မနေ့က နေ့လည် ၂ နာရီလောက်ပေါ့။ သတင်းရပြီး နာရီပိုင်းအတွင်း ဆင်း၍ လုပ်ဆောင်ခဲ့တာပါ”ဟု ဗိုလ်မြွေပွေးက အသိပေးသည်။

ယခုတိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်အဖြစ် သတိပေးဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး နောက်တစ်ကြိမ်ဆိုလျှင် ၎င်း၏အသက်အန္တရာယ်အား တာဝန်ယူတော့မည်မဟုတ်ကြောင်း K.C.G.F ၊ MRRF ၊ MSMS စသည့် MDY-UG တပ်ပေါင်းစုက သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းကို ဆော - ဆိပ်ဖြူလမ်းပိုင်းမှာ လောင်းရှည်ဒေသကာ ကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေဆုံး ကြောင်း ယင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း

ဖယ်ခုံ၊ မိုးဗြဲနှင့် လွိုင်ကော်မြို့ရှိ စစ်ကောင်စီအမြောက်တပ်မှ ယနေ့တွင် လက်နက်ကြီးဖြင့် တနေကုန်ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ၏ အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော အလှမ်းဝေးသည့် ဒေါတဝီး နှင့် ဒေါရောက်ခူ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KRU က ဆိုသည်။

သတင်း

"ကျွန်တော်တို့ ပြည်သူအတွက် အတတ်နိုင်ဆုံးကာကွယ်သွားပါမယ် ပြည်သူ့မေတ္တာကြောင့် အကောင်းဆုံးတိုက်ပွဲဝင်နိုင်မှာပါ"ဟု LSRPDF မှ ရဲဘော်တစ်ဦးက ပြောသည်။