Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပိုမိုကောင်းမွန်သောနိုင်ငံအနာဂတ်အတွက် အသက်စတေးခဲ့ကြသူအားလုံးကို လေးစားဂုဏ်ပြုကြောင်း ဗြိတိန်သံရုံးထုတ်ပြန်

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ရင်း ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရ ဂုဏ်ပြုကြောင်းဖော်ပြသည်။

ဗြိတိန်သံရုံး
ဗြိတိန်သံရုံး

ပိုမိုကောင်းမွန်သောနိုင်ငံအနာဂတ်အတွက် အသက်စတေးခဲ့ကြသူအားလုံးကို လေးစားဂုဏ်ပြုကြောင်း ယနေ့ကျရောက်သော အာဇာနည်နေ့၌ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်သည်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် ၉ ဦး ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခံရ သည့် ယနေ့ကျရောက်သော ၇၅ နှစ်မြောက် အာဇာနည်နေ့တွင် အဆိုပါလွတ်လပ်ရေးခေါင်းဆောင်ကြီးများနှင့်အတူ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှစ၍ အသက်ဆုံးရှုံးခဲ့ရသည့် အရပ်သား ထောင်ကျော်ကိုလည်း အောက်မေ့သတိရမိကြောင်း သံရုံးက ထုတ်ပြန်သည်။

“ဘယ်လိုလှုံ့ဆော်မှုမျိုး၊ ဘယ်လိုယုံကြည်မှုမျိုးကြောင့်ဖြစ်စေ အရပ်သားများကို သတ်ဖြတ်မှုဆိုတာ တရားမျှတမှုမဖြစ်နိုင်သလို၊ လက်ခံနိုင်ဖွယ်ရာလည်း မရှိပါ” ဟု ဗြိတိန်သံရုံးအကြီးအကဲ Pete Vowles က ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ရင်း ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရ ဂုဏ်ပြုကြောင်းဖော်ပြသည်။

ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရန် ကြိုးစားရင်း အသိတရားမဲ့စွာ လုပ်ကြံခံခဲ့ရခြင်းအတွက်လည်း ဝမ်းနည်းမိပြီး ကနေဒါသည် အရပ်သား ပြည်သူလူထုအား အမျိုးမျိုးအဖုံဖုံသော အကြမ်းဖက်မှုများ အပါအဝင် ဒီမိုကရေစီစနစ်အား ယုတ်လျော့စေသော အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနှင့် ခြောက်လှန့်မှုများ အားလုံးကိုလည်း ဆန့်ကျင်ကြောင်း ယနေ့ထုတ်ပြန်သည်။

ထို့အပြင် အမေရိကန်သံရုံးက လွန်ခဲ့သော ၇၅ နှစ်က ယခုလိုနေ့မျိုး၌ ၎င်းတို့၏နိုင်ငံအတွက် အသက်ပေးခဲ့ကြရသော အာဇာနည်ပုဂ္ဂိုလ် ၉ ဦးကို ဂုဏ်ပြုကြောင်း ထုတ်ပြန်သည်။

“၎င်းတို့၏အမွေအနှစ်များသည် မျိုးဆက်သစ်များ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများအတွက် ခွန်အားအဖြစ်ဆက်လက်တည်တံ့နိုင်ပါစေ” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဆုမွန်ကောင်းတောင်းသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့တွင် ရန်ကုန်မြို့၌ အကြမ်းဖက် စစ်ကောင်စီဝင်များက လှည့်ကင်းကားများ တင်းကြပ်စွာ လှည့်လည်နေသော်လည်း လူငယ်များက ပုံစံမျိုးစုံဖြင့် အာဇာနည်နေ့ ဂုဏ်ပြုအထိမ်းအမှတ် ဆန္ဒပြခဲ့ကြသည်။

သတင်း

မနက် ၈ နာရီလောက်ကတည်းကစတင်ပြီး မြို့ပေါ်နေရာအနှံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးချထားတွေ့ရတယ်လို့သိရပါတယ်။

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း လက်ရှိ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးကို ပြည်သူတစ်ရပ်လုံးနှင့်အတူ အောင်မြင်သည်အထိ ကြိုးစား တိုက်ပွဲဝင်သွားမည်ဟု ကတိပြု ပြောကြားသည်။

သတင်း

ဒီနှစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်အချုပ်ထောင်ထဲ ထည့်ထားပြီး အာဇာနည်နေ့ကို စစ်အုပ်စုကဖြတ်သန်းစေတာပါ။