Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုင်းရှူးတွင် စစ်​ကောင်စီတပ်က အိမ်စီးကားကို​သေနတ်ဖြင့်ပစ်၍ အသက် ၆ နှစ်အရွယ်က​လေးငယ်အပါအဝင် မိသားစုသုံးဦး​သေဆုံး

“မြေပြင်သတင်းအရ အဲ့ဒါ( စစ်ကောင်စီကအရပ်သားသုံးဦးအားသေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသည့် ဖြစ်စဥ်) ဟုတ်ပါတယ်ခင်ဗျ”ဟု SSPP Pတာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

မိုင်းရှူးတွင် စစ်​ကောင်စီတပ်က အိမ်စီးကားကို​သေနတ်ဖြင့်ပစ်
မိုင်းရှူးတွင် စစ်​ကောင်စီတပ်က အိမ်စီးကားကို​သေနတ်ဖြင့်ပစ်

မိုင်းရှူးမြို့တွင် အိမ်စီးကားတစ်စီးအား စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်၍ ကားပေါ်ပါမိသားစုဝင်သုံးဦးစလုံး သေဆုံးသွားခဲ့ကြောင်း SSPPတာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

ယမန်နေ့(ဇူလိုင်၁၈ ရက်)ညကရှမ်းပြည်နယ်တောင်ပိုင်း၊မိုင်းရှုးနှင့် တန့်ယန်းသွားလမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီကအိမ်စီးကားတစ်စီးကိုပစ်ခတ်ခြင်းဖြစ်သည်။

“မြေပြင်သတင်းအရ အဲ့ဒါ( စစ်ကောင်စီကအရပ်သားသုံးဦးအားသေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသည့် ဖြစ်စဥ်) ဟုတ်ပါတယ်ခင်ဗျ”ဟု SSPP Pတာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

ကား​ပေါ်တွင်အသက်၆နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် မိသားစု ၃ ဦးပါပြီး သုံးဦးစလုံးသေဆုံးခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၏ အာဘော်များကိုထုတ်ပြန်ပေးနေသည့် SSPP Info က ယနေ့(ဇူလိုင် ၁၉ရက်) သတင်းထုတ်ပြန်ထားသည်။သေဆုံးသူ သုံးဦးမှာ မိုင်းရှုးမြို့ဝမ်တောင်ဟျိုဝ်းရွာနေစိုင်းသီဟ၊နန်းဆိုင်လူနှင့် ၎င်းတို့၏ရင်​သွေး ၆နှစ်အရွယ် ကလေးဖြစ်သည်။

ကားပေါ်တွင်မိသားစုစုဝင် သုံးဦးအနက်ကလေးငယ်နှင့်မိခင်ဖြစ်သူသည် နေရာတွင်ပင် သေဆုံးခဲ့ပြီးကလေးငယ်၏ဖခင်သည် မှိုင်းရှုးဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဒေသခံများကပြောသည်။

” အပြစ်မဲ့ပြည်သူကို ဒီလိုလုပ်တာကတော့ လက်ခံနိုင်စရာမရှိဘူး”ဟု SSPP တာဝန်ရှိသူကဆက်​ပြောသည်။

မိုင်းရှူးမြို့(၇)မိုင်တွင် တပ်စွဲထားသည့် တပ်ရင်းမှူး ထွန်းအေးလင်း ဉီးဆောင်သော ခလရ( ၅ ၂ ၄ )မှ တပ်သားနှစ်ဦးသည် စိုင်းသီဟတို့ မိသားစု ကားကို တားဆီးကာ သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း၊ စိုင်းသီဟ၏ ဇနီးနန်းဆိုင်လူ နှင့် ၆ နှစ်အရွယ်ကလေးငယ်သည် ကားထဲတွင် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး အိမ်ထောင်ဦှးစီး စိုင်းသီဟမှာ သေနတ်ဒဏ်ရာ ၁ ချက် ၊ ဓားဒဏ်ရာ ၂ ချက်ဖြင့် မိုင်းရှူးပြည်သူ့ဆေးရုံတွင် ညနက်ပိုင်း ၁၁ နာရီခန့်က သေဆုံးခဲ့ကြောင်းSSPP INFO က ဖော်ပြထားသည်။

သေဆုံးသူသုံးဦး၏ မိသားစုဝင်များအား သွားရောက်တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားရန် SSPPက စီစဥ်နေသည်ဟုသိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ လက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများမှ ရရှိသော ဘွဲ၊ ဒီဂရီ၊ သင်တန်းဆင်းလက်မှတ်၊ အောင်လက်မှတ်များကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဘုတ်အဖွဲ့သို့ မူရင်း၊ မိတ္တူများ အပ်နှံ၍ CDM ပြုလုပ်ကြောင်း ကျန်းကျိန် ဂတိ ခံဝန်ချက် ပြုလုပ်ကြရမည်ဟုလည်း ဖော်ပြထားသည်။

သတင်း

ဇူလိုင် ၁၉ရက် နံနက် ၁၁နာရီခန့်တွင် ဆင်ချောင်းရွာမှ ရေစကြိုမြို့သို့ထွက် လာသည့် စစ်ကောင်စီ တပ် ကားတစ်စီးကို သက်ရွာအနီး၌ မိုင်း သုံးလုံးဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ပူးပေါင်းအဖွဲ့များ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာ ရခဲ့ပကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိမှန်ပြီး ပြည်သူလူထု နေအိများ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း

မနက် ၈ နာရီလောက်ကတည်းကစတင်ပြီး မြို့ပေါ်နေရာအနှံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးချထားတွေ့ရတယ်လို့သိရပါတယ်။