Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရခိုင်ဒေသ၌ တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်၍ ပြည်သူများ သတိထား ကြရန် AA အသိပေး

ရန်သူသည် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်ကူများကို ထပ်မံပို့ပေးခဲ့သော ကြောင့် ယမန်နေ့ နံနက်ပိုင်းကပင် မောင်တောမြို့နယ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာအကြား၌ တိုက်ပွဲထပ် ဖြစ်ခဲ့သည်။

ဓာတ်ပုံ - ရက္ခိုင့်တပ်တော်
ဓာတ်ပုံ - ရက္ခိုင့်တပ်တော်

ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှသေဆုံးမှုရှိပြီး အရှင် ၁၄ဦးဖမ်းမိကာ လက်နက်မျိုးစုံ ၂၅လက်ရဟု ထုတ်ပြန်

ရခိုင်ဒေသအတွင်း၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်၍ ပြည်သူများ သတိထားသွား လာကြရန် နှင့် စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်နှင့် ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲ သတင်းထုတ်ပြန်ရာ၌ အသိပေးဖော်ပြထားသည်။

ရက္ခိုင်ဒေသအတွင်း၌ ရန်သူသည် စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများကို ဆက်တိုက် လုပ်ဆောင် နေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - ရက္ခိုင့်တပ်တော်
ဓာတ်ပုံ – ရက္ခိုင့်တပ်တော်

ဇူလိုင် ၁၈ရက် နံနက်ပိုင်းက မောင်တောမြို့နယ် ဆောင်ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်) ရွာအကြား၌ စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့အား AAမှ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ သေဆုံးသူ အချို့ရှိခဲ့ပြီး လက်နက်ချ အညံ့ခံသော သုံ့ပန်း၁၄ဦးကိုလည်း လက်ရဖမ်းဆီးရမိ ခဲ့ကြောင်း ဖော်ပြသည်။

AA ဘက်မှ အလတ်စားဒဏ်ရာရရှိသူ အနည်းငယ်မှလွဲ၍ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရခြင်း မရှိဟု ဆိုသည်။

အဆိုပါတိုက်ပွဲများအတွင်းမှ RPG 7၊ ပီစတို (၂) လက်၊ စက်လတ် (၁) လက်၊ G3၊ G4 အပါအဝင် လက်နက်စုစုပေါင်း ( ၂၅) လက်၊ ခဲယမ်းအများအပြား၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးထားသည်။

ရန်သူသည် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်ကူများကို ထပ်မံပို့ပေးခဲ့သော ကြောင့် ယမန်နေ့ နံနက်ပိုင်းကပင် မောင်တောမြို့နယ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာအကြား၌ တိုက်ပွဲထပ် ဖြစ်ခဲ့သည်။

ဓာတ်ပုံ - ရက္ခိုင့်တပ်တော်
ဓာတ်ပုံ – ရက္ခိုင့်တပ်တော်

ရန်သူသည် ၎င်းတို့စစ်စခန်းများဖြစ်သော တောင်ပြိုလက်ယာ နခခ (၆)၊ ကြိမ်ချောင်း နခခ (၇)၊ မင်္ဂလာညွန့်ရဲကင်းစခန်း၊ ထရိန်းရဲကင်းစခန်း၊ သစ်တုံးနားခွဆုံအနီးရှိ စခန်း၊ မင်္ဂလာညွန့်အနောက် ဘက်ရှိ စခန်းများမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးများဖြင့် ညနေပိုင်းအထိ တောက်လျှောက် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

အခြားတစ်ဖက်တွင် စစ်ကောင်စီသည် အရပ်သားပြည်သူလူထုများကို ညအချိန်များ၌ ဝင်ရောက် ဖမ်းဆီးခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးခြင်း၊ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် တရားရုံး၊ တရားရေးဝန်ထမ်းများကို အနှောင့်အယှက်ပေးခြင်း၊ ဖမ်းဆီးရန်ကြိုးစား ဆောင်ရွက်ခြင်း၊ ပြည်သူလူထုများ အပေါ်စိုးရိမ်မှုများဆက်တိုက်ပေးနေခြင်း၊ လက်နက်ကြီးများဖြင့် ခြိမ်းခြောက်နေခြင်း၊ ပြည်သူလူထုကို ပြန်ပေးဆွဲထားသကဲ့သို့ ပြုလုပ်ထားခြင်း စသည့်အချက်များ အပြင် တိုက်ပွဲဖြစ်ပွားလိုသောရန်စမှု၊ ရန်လိုသောအပြုအမူများကို ဆက်လက် ပြုလုပ်နေသော ကြောင့် ရက္ခိုင်ဒေသအတွင်းတိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာနိုင်ကြောင်း AAက ထုတ်ပြန်ခဲ့သည်။

AAနှင့် စစ်ကောင်စီတပ်သည် ၂၀၁၈ နှစ်ကုန်ပိုင်းမှ ၂၀၂၀ နိုဝင်ဘာအထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ရွေးကောက်ပွဲကာလတွင် နုတ်အားဖြင့် အပစ်ရပ်စဲထားခြင်းဖြစ်သည်။ ဇူလိုင် ၄ရက်က ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေမှ AA တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အပြီး နှစ်ပတ်အကြာတွင် AAက ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့က တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့(ဇူလိုင် ၁၉ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အားဂုဏ်ပြု​ခြင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဂန့်ဂေါတောင်ပိုင်းက ပြုလုပ်ခဲ့​​သည်။

သတင်း

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ (၂၃)ရက်နေ့ကစပြီး ဇူလိုင် ၃ ရက်နေ့အထိ ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း(၂၀၀)ကျော်ပြုလုပ်ခဲ့ပြီး ဒီလိုတိုက်ခိုက်မှုကြောင့် နေအိမ်၊ ကျောင်းနဲ့ ဘာသာရေးအ​ဆောက်အဦးတွေ ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးခဲ့တယ်လို့ KPSN က ဆိုထားပါတယ်။

သတင်း

လိုအပ်၍ ထုတ်ပြန်ထားသောစည်းကမ်းများအားလိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးကြပါရန်နှင့် လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား မိမိတို့ကိုယ်တိုင်သာအပြည့် အဝတာဝန်ယူရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

သတင်း

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သော အလှမ်းဝေးသည့် ဒေါတဝီး နှင့် ဒေါရောက်ခူ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KRU က ဆိုသည်။