Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိ

ပူးပေါင်းအဖွဲ့များ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာ ရခဲ့ပကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိမှန်ပြီး ပြည်သူလူထု နေအိများ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ပူးပေါင်းအဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့)
(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ပူးပေါင်းအဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီ တပ်များအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိကြောင်း အလယ်ပိုင်း တိုင်း အထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မိုးဗြဲအခြေစိုက် ခမရ (၄၂၂)တပ်ရင်းမှ စစ်ကောင်စီတပ်များသည် ဇူလိုင် ၁၈ရက်က မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့်အပေါ် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ ၊ Mobye PDF ၊ Pekhon PDF ၊ Loikaw PDF KNDF နှင့် URF တို့ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ပူးပေါင်းအဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့)
(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ပူးပေါင်းအဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ – အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့)

အဆိုပါတိုက်ပွဲ၌ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေး စနိုက်ပါအဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ရာ ရန်သူတစ်ဦး ပခုံးထိမှန်ဒဏ်ရာရပြီး လည်ပင်းထိမှန်သေဆုံးသူ တစ်ဦးရှိကြောင်း၊ ထို့ပြင် သစ်ပင်ပေါ် နေရာယူထားသည့် ရန်သူ့ စနိုက်ပါ တပ်သားတစ်သီးကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ပူးပေါင်းအဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့)
(အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ပူးပေါင်းအဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ – အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့)

ပူးပေါင်းအဖွဲ့များ၏တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာ ရခဲ့ပကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိမှန်ပြီး ပြည်သူလူထု နေအိများ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့အနေဖြင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ် များနှင့်ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ပြုတ်ကျသည်အထိတိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကျဆုံးသွားသော အာဇာနည်ကိုးဦးသာမကခေတ်အဆက်ဆက် တော်လှန်ရေးအတွင်း ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်း အားလုံးကို အလေးနီပြုအပ်ကြောင်း၊ အာဇာနည်တို့ထုံး နှလုံးမူ၍ မပြီးပြတ်သေးသောပြည်သူ့တော်လှန်ရေးကို အဆုံးထိ ဆင်နွှဲကြရန် ဝက်လက်PDFကတိုက်တွန်းခဲ့သည်။

သတင်း

"မြေပြင်သတင်းအရ အဲ့ဒါ( စစ်ကောင်စီကအရပ်သားသုံးဦးအားသေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသည့် ဖြစ်စဥ်) ဟုတ်ပါတယ်ခင်ဗျ"ဟု SSPP Pတာဝန်ရှိသူတစ်ဦးက People's Spring သို့ပြောသည်။

သတင်း

စစ်ကောင်စီ လက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများမှ ရရှိသော ဘွဲ၊ ဒီဂရီ၊ သင်တန်းဆင်းလက်မှတ်၊ အောင်လက်မှတ်များကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဘုတ်အဖွဲ့သို့ မူရင်း၊ မိတ္တူများ အပ်နှံ၍ CDM ပြုလုပ်ကြောင်း ကျန်းကျိန် ဂတိ ခံဝန်ချက် ပြုလုပ်ကြရမည်ဟုလည်း ဖော်ပြထားသည်။

သတင်း

ဇူလိုင် ၁၉ရက် နံနက် ၁၁နာရီခန့်တွင် ဆင်ချောင်းရွာမှ ရေစကြိုမြို့သို့ထွက် လာသည့် စစ်ကောင်စီ တပ် ကားတစ်စီးကို သက်ရွာအနီး၌ မိုင်း သုံးလုံးဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။