Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ထောင်ဒဏ် နှစ် ၂၀ စစ်ကောင်စီချ

ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင် ဦးဘိုဘိုငယ်ကို သမ္မတ ဦးထင်ကျော်က ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ်ခန့်အပ်ပါတယ်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ထောင်ဒဏ် နှစ် ၂၀ စစ်ကောင်စီချ
ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ထောင်ဒဏ် နှစ် ၂၀ စစ်ကောင်စီချ

NLD အစိုးရ ရဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ဖမ်းဆီးပြီး ၂ နှစ်ပြည့်ခါနီးမှာ မန္တလေး အိုးဘိုထောင်တွင်း စစ်ကောင်စီတရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချလိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေစုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဒီဇင်ဘာလ ၁၃ ) ရက်က ထောင်ချလိုက်တာလို့သိရပြီး ဦးဘိုဘိုငယ်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မ ၅၅ နဲ့တရားစွဲထားတာပါ။

ဒါကြောင့် ထောင်ဒဏ် နှစ် ၂၀ ချရာမှာ ဘယ်ပုဒ်မတွေ ထပ်တိုးထားလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင် ဦးဘိုဘိုငယ်ကို သမ္မတ ဦးထင်ကျော်က ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ်ခန့်အပ်ပါတယ်။

ဦးဘိုဘိုငယ်ဟာ မြန်မာနိုင်ငံရဲ့ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုတွေကို တိုးတက်အောင်လုပ်ဆောင်ခဲ့သူဖြစ်ပြီးအကျင့်ပျက်ခြစားတာ တိုက်ဖျက်သူလို့လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အင်းစိန်ထောင်ကနေ လွတ်မြောက်သွားတဲ့ စီးပွားရေးပညာရှင် ရှောင်လ်တာနယ်က မီဒီယာကိုပြောပြပါတယ်။

အာဏာသိမ်းပြီးနောက် ဦးဘိုဘိုငယ်ကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီဟာ ဖမ်းဆီးပြီးတစ်နှစ်ကျော်ကြာချိန်မှ ဦးဘိုဘိုငယ်ကို အဂတိပုဒ်မနဲ့တရားစွဲထားတယ်လို့ တရားဝင်ထုတ်ပြန်ခဲ့တာပါ။

ဦးဘိုဘိုငယ်ဟာ ဗဟိုဘဏ်မှာ တာဝန်ယူချိန် နိုင်ငံသုံးငွေစီမံခန်ခွဲရေးဌာနကိုကြီးကြပ်ရသူဖြစ်ပြီး နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့်ရတဲ့ ဘဏ်တွေရဲ့ ငွေလွှဲပြောင်းတာတွေကို ကြီးကြပ်မှုအားနည်းလို့ နိုင်ငံဘဏ္ဍာအခွန်ငွေ ထိခိုက်တယ်ဆိုကာ စစ်ကောင်စီက တရားစွဲထားပါတယ်။

စစ်ကောင်စီဟာ ဦးဘိုဘိုငယ်ကို အကြောင်းမရှိ အကြောင်းရှာ အမှုတပ်တာလို့ ပြည်တွင်း စီးပွားရေးအသိုင်းအဝိုင်းထဲကအချို့က မီဒီယာကိုအမည်မဖော်ဘဲဖြေထားကြပါတယ်။

You May Also Like

သတင်း

အောက်တိုဘာအတွင်းကလည်း နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုရှိခဲ့သည်။

သတင်း

"စခ စစ်ကြောင်းမှူးက အောင်းမြောက်ရွာဘုန်း ကြီးကျောင်းမှာဆေးကုသမှုခံယူရင်း သေဆုံးသွားတာလို့ သိရတယ်"ဟု ယောဒေသစစ်ရေး သတင်းရင်းမြစ်က အတည်ပြုသည်။ သို့သော် ၎င်းတို့ သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

သတင်း

"ဦးဘိုးသိန်းကလူထုတော်လှန်ရေးအတွက်အန္တရာယ်ဗျ။စစ်ကောင်စီနဲ့ တွဲပြီး မြို့မှာ စီးပွားရေးသောင်းကျန်းနေတဲ့သူ" ဟု မောက်လိုက်မြို့ခံတစ်ဦးက ​ပြောသည်။

သတင်း

ဘီယာဆိုင်ကိုဝိုင်းလိုက်ပြီး ဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၅ ဦးကို ရိုက်နှက်ဖမ်းဆီးသလိုလူငယ်တွေ စီးလာတဲ့ ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းသွားတယ်လို့သိရပါတယ်။