Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုအနောက်ခြမ်းလမ်းပိုင်း သွားလာခြင်းမပြုရန် PDF သတိပေး

ရွှေဘိုမြို့နယ်အနောက်ပိုင်းရှိ ပန်းရံ၊လိပ်ချင်း ၊စိုက်ပျိုးရေးသိပ္ပံလမ်းပိုင်း၌ ပျူစောထီးများက အထိုင်ချထား​၍ ပြည်သူများအသုံးမပြုကြရန် Daung Min Local People Defense Force (Shwebo) အဖွဲ့က မေတ္တာရပ်ခံသည်။

ပန်းရံ၊လိပ်ချင်း ၊စိုက်ပျိုးရေးသိပ္ပံ လမ်းပိုင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ
ပန်းရံ၊လိပ်ချင်း ၊စိုက်ပျိုးရေးသိပ္ပံ လမ်းပိုင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအနောက်ခြမ်းလမ်းပိုင်း၌ ပျူစောထီးများက ဒေသခံပြည်သူများအား ဓါးစာခံပြုလုပ်နေ၍ သွားလာအသုံးပြုခြင်းမပြုရန် Daung Min Local People Defense Force (Shwebo) အဖွဲ့က သတင်းထုတ်ပြန်သည်။

ရွှေဘိုမြို့နယ်အနောက်ပိုင်းရှိ ပန်းရံ၊လိပ်ချင်း ၊စိုက်ပျိုးရေးသိပ္ပံလမ်းပိုင်း၌ ပျူစောထီးများက အထိုင်ချထား​၍ ပြည်သူများအသုံးမပြုကြရန် Daung Min Local People Defense Force (Shwebo) အဖွဲ့က မေတ္တာရပ်ခံသည်။

“သူတို့တွေဟာ လမ်းပိုင်းအသုံးပြုတဲ့သူတွေကို ဓားစာခံလုပ်ပြီး သွားလာခိုင်းနေတယ်လို့ သိရှိရပါတယ်။”ဟု Daung Min Local People Defense Force (Shwebo) အဖွဲ့က ပြောသည်။

အဆိုပါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့်ပျူများ တပ်စွဲထားခြင်း၊ ခရီးသွားပြည်သူများအား မကြာခဏစစ်ဆေးငွေတောင်းခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၇ ရက်) ညနေ ၅နာရီခန့်ကစိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီနှင့်ပျူစောထီးများက ညောင်ပင်သာရွာကို သေနတ်များဖြင့်အကြောင်းမဲ့ ပစ်ခတ်နေ၍ ရွာခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

You May Also Like

သတင်း

ဒီဇင်ဘာ ၁၆ရက်တွင် ညောင်ကုန်းရွာအနီးလည်းကောင်း၊ ဒီဇင်ဘာ ၁၇ရက် ယမန်နေ့တွင် ဂျုံးဂျုံးကျ ရွာအနီး၌လည်းကောင်း တိုက်ပွဲများ ဖြစ်ခဲ့ပြီး ယနေ့တွင် ပိန်းအင်းရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ဆေးရေးပြုလုပ်နေသော စစ်ကောင်စီတပ်သား လေးဦးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ သုံးဦးမှာ နေရာတင် ပွဲချင်းပြီး သေဆုံးပြီး ကျန် တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးနိုင်ချေရှိကြောင်း ထုတ်ပြန်သည်။

သတင်း

ကုန်းသာရွာသား ၂ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ရွာသားအချို့ ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။ စစ်ဘေးသင့်ပြည်သူ ထောင်ချီရှိခဲ့ပြီး လက်ရှိတွင် ကျေးရွာများသို့ ပြန်လည်ရောက်ရှိ နေထိုင်ပြီပြီးဖြစ်သည်ဟု အသိပေးသည်။

သတင်း

TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်ကမူ နမ့်ဆန်မြို့နယ် ကုန်းသာတိုက်ပွဲ၌ TNLA တပ်ဖွဲ့ တစ်ဖွဲ့တည်းသာ ပါဝင်ကြောင်း၊ အဆိုပါဒေသ၌ TNLA တစ်ဖွဲ့တည်းသာ ရှိကြောင်း တိုက်ပွဲကာလအတွင်းက People’s Spring သတင်းဌာနသို့ ဖြေကြားထားသည်။