Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်နဲ့ TNLA ကြားတိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် နေရပ်မပြန်နိုင်သေး

တိုက်ပွဲအဓိက ဖြစ်ပွားတဲ့ ကုန်းသာရွာကတော့ ပြန်လည်ထူထောင်ရေးလုပ်ဖို့လိုတယ်လို့ ကုန်းသာရွာဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLA ကြားတိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် နေရပ်မပြန်နိုင်သေး
စစ်ကောင်စီတပ်နဲ့ TNLA ကြားတိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် နေရပ်မပြန်နိုင်သေး

ရှမ်းပြည်နယ် မြောက်ပိုင်း ၊နမ့်ဆန်မြို့နယ် ၊ ကုန်းသာရွာ တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ကြားဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်နေရသူ စစ်ဘေးရှောင် ၁,၀၀၀ ဝန်းကျင်ဟာ နေရပ်မပြန်နိုင်သေးကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။

တိုက်ပွဲဟာ ဒီဇင်ဘာ ၇ ရက်ကစတင်ပြီး တစ်ပတ်ကြာ ဖြစ်ပွားခဲ့တာကြောင့် ကုန်းသာ၊မန်လုံး၊ ဟူးမန်း၊ဆာမ်ငမ်၊ပန်းအလောက်နဲ့ ပိန်းလုံးရွာခံတွေဟာ နမ့်ဆန်မြို့ပေါ်ကိုလာရောက်တိမ်းရှောင်ခဲ့ကြရပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLA ကြားတိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် နေရပ်မပြန်နိုင်သေး
စစ်ကောင်စီတပ်နဲ့ TNLA ကြားတိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ကျော် နေရပ်မပြန်နိုင်သေး

လက်ရှိမှာတော့ တိုက်ပွဲပြီးသွားလို့ အချို့လည်းနေရပ်ပြန်နေကြပါတယ်။

တိုက်ပွဲအဓိက ဖြစ်ပွားတဲ့ ကုန်းသာရွာကတော့ ပြန်လည်ထူထောင်ရေးလုပ်ဖို့လိုတယ်လို့ ကုန်းသာရွာဒေသခံတွေကပြောပါတယ်။

“အကုန်လုံးနီးပါးပျက်စီးသွားတယ်၊ လက်နက်ကြီးတွေထိပြီး လုံးဝနေလို့မဖြစ်တော့တာ” လို့ ကုန်းသာရွာသားတစ်ဦးကပြောပါတယ်။

Public Service Announcement
Public Service Announcement

ကုန်းသာရွာမှာ လူနေအိမ် ၉လုံးမီးလောင်ပြာကျပြီး၊ နေအိမ်၄၀ကျော် လက်နက်ကြီးထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဟူးမန်းရွာကတော့ နယ်မြေလုံခြုံရေးအခြေအနေနဲ့ သွားလာရေးအခက်အခဲကြောင့် နေရပ်မပြန်နိုင်ကြသေးဘူးလို့သိရပါတယ်။

နေရပ်မပြန်နိုင်သေးတဲ့စစ်ရှောင်တွေအတွက် လာရောက်ကူညီသူတွေရှိသလို အချို့မှာလည်း လိုအပ်ချက်ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၁၉ရက်အထိ နမ့်ဆန်မြို့ပေါ် ဇယန်းကြီးကျောင်း၊ မန်လုံနဲ့ မန်ဖတ်တို့မှာ စစ်ရှောင် ၁,၀၀၀ကျော် ရှိနေသေးပါတယ်။

You May Also Like

သတင်း

ယမန်နေ့ (ဒီဇင်ဘာ ၁၈) ညနေပိုင်းကလည်း ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းမှ ဒလမြို့သို့ ကူးသန်းပြေးဆွဲသည့် ချယ်ရီကူးတို့ သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၁၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း

မြောင်မြိုနယ်ရှိ လှေတင်ဦး၊ဖွားစော၊ ကူးတို့ကုန်းနှင့် ရွှေပေါက်ပင်ကျေးရွာများသို့ ယနေ့(ဒီဇင်ဘာ ၁၉ရက်) သွားရောက်ထောက်ပံ့ခြင်းဖြစ်သည်။

သတင်း

Sovereign Wealth Fundက ရန်ပုံငွေ အဖွဲ့ကြီးနဲ့ ဆက်စပ်နေတဲ့ လက်တွဲဖော် လုပ်ငန်းတွေထဲမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ တွန်းအားပေး ကူညီနေတဲ့ အစုအဖွဲ့မျိုး ပါဝင်နေနိုင်တဲ့ စွန့်စားရွေးချယ်မှုမျိုးကို လက်မခံနိုင်ကြောင်း ပြောပါတယ်။

သတင်း

ဒီလက်နက်တွေဟာ စစ်ကိုင်းတိုင်းက PDF တွေ ဆီ ပို့မယ့် လက်နက်တွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက်အချို့မှာ ဖြန့်ဝေနေကြပါတယ်။