Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တအာင်း နှစ်သစ်ကူးနေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပို့ဟု TNLA အသိပေး

ဒီဇင်ဘာ ၂၀ရက်က ကျရောက်ခဲ့သည့် ၂၇၁၄ ခုနှစ် တအာင်းနှစ်သစ်ကူးနေ့ကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

၂၀၁၆တွင်ကျရောက်သည့် တအောင်းနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၌ ကျင်းပနေစဉ်၊ဓာတ်ပုံ - CJ
၂၀၁၆တွင်ကျရောက်သည့် တအောင်းနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၌ ကျင်းပနေစဉ်၊ဓာတ်ပုံ - CJ

▪️စစ်အာဏာရှင်ကိုအမြစ်ဖြတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို အတူလက်တွဲထူထောင်နိုင်ပါစေဟု သဝဏ်လွှာ၌ ဖော်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန် ကြီးဌာနမှ တအာင်းနှစ်သစ်ကူးနေ့သို့ သဝဏ်လွှာပေးပို့လာကြောင်း တအာင်းတပ်မတော်(TNLA) သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ဖော်ပြသည်။

ဒီဇင်ဘာ ၂၀ရက်က ကျရောက်ခဲ့သည့် ၂၇၁၄ ခုနှစ် တအာင်းနှစ်သစ်ကူးနေ့ကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

တအာင်း နှစ်သစ်ကူးနေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပို့ဟု TNLA အသိပေး
တအာင်း နှစ်သစ်ကူးနေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပို့ဟု TNLA အသိပေး

“တအာင်းလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းစသည့် အမွေအနှစ်များကို မပျောက်ပျက်အောင် အစဉ်အမြဲ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်”ဟု သဝဏ်လွှာ၌ ဖော်ပြသည်။

တအာင်းလူမျိုးများအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ကြုံတွေ့နေကြရသော စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ် တော်လှန်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စုကို အတူတကွလက်တွဲတည်ထောင်နိုင်ကြပါစေ ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ တွင် ပါရှိသည်။

TNLA အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး မကြာသေးမီကပင် နမ့်ဆန်မြို့နယ်၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်တပ်ဖြစ်သည်။

You May Also Like

သတင်း

ပူးတွဲထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခဲ့သည်ဟု သိရသည်။

ဆောင်းပါး

ကုန်းသာတိုက်ပွဲသည်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) တို့နှင့်သာ သက်ဆိုင်ပြီး TNLA နှင့် တိုက်ပွဲမှာ နားလည်မှု လွဲခြင်းသာ ဖြစ်သည်ဟုစစ်ကောင်စီတပ်ကဆို​လေသည်။

သတင်း

ဒီဇင်ဘာ ၁၈ ရက်က ထိခိုက်ဒဏ်ရာရသူများအားလုံး အမြန်ဆုံး သက်သာရာရပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆုမွန်ကောင်းတောင်းနေသလို ဘေးဒဏ်သင့်ရသူများ၏ မိသားစုများနှင့် ထပ်တူရှိနေပါကြောင်းလည်း ဖော်ပြထားသည်။

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု - AJAY မှ ကိုနန်းလင်းကလည်း မြန်မာ့အရေးအဖြေမထွက်သည်မှာ အာဆီယံအဖွဲ့ကြီး၏ ချဥ်းကပ်နေသော မူဝါဒများနှင့် ထိုင်းနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က စစ်ကောင်စီကို အရာပေး၊ နေရာပေး ချော့မြူပြီး မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်ကိုင်နေမှုများကြောင့် ဖြစ်သည်ဟု သုံးသပ်သည်။