Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လုံခြုံရေးကောင်စီ၏တိကျခိုင်မာပြတ်သား​သောဆုံးဖြတ်ချက်အထူးလိုအပ်ဟု NUG ထုတ်ပြန်

မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကလည်း ဆုံးဖြတ်ချက်တွင် အပြုသဘောဆောင်သည့် အချက်များပါဝင်သော်လည်း အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပိုမိုအားကောင်သည့် စာသားများကို မျှော်လင့်ကြောင်း ပြောသည်။

လုံခြုံရေးကောင်စီ၏တိကျခိုင်မာပြတ်သား​သောဆုံးဖြတ်ချက်အထူးလိုအပ်ဟု NUG ထုတ်ပြန်
လုံခြုံရေးကောင်စီ၏တိကျခိုင်မာပြတ်သား​သောဆုံးဖြတ်ချက်အထူးလိုအပ်ဟု NUG ထုတ်ပြန်

မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်ရန်နှင့် ဒေသတွင်းမတည်မငြိမ်ဖြစ်မှုအား ကာကွယ်ထိန်းသိမ်းရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တိကျခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ကို အထူးလိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယမန်နေ့က အတည်ပြုခဲ့ခြင်းကို NUG က ထောက်ခံလိုက်ပြီး အဆိုမူကြမ်းတင်သွင်းသော ဗြိတိန်နှင့် ထောက်ခံမဲပေးခဲ့ကြသော နိုင်ငံများကို ကျေးဇူးတင်ကြောင်း ဖော်ပြသည်။

“မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရေးအတွက် ထပ်မံတိုးမြှင့် ဆောင်ရွက်သည့်အနေဖြင့်ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်သူများ အားလုံးက ဤဆုံးဖြတ်ချက်အဆိုပါ အချက်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါသည်” ဟု NUG က ဆိုသည်။

အထက်ပါ ဆုံးဖြတ်ချက်အဆိုတွင် အပြုသဘောဆောင်သည့် အချက်အလက်များ ပါဝင်နေသည့်တိုင် အမျိုးသားညီညွတ်ရေးအစိုးရက မျှော်မှန်းထားသည့် အချက်များ များစွာ ပါဝင်လာမှု မရှိသေးသည်ကို တွေ့ရှိရကြောင်း NUG က ပြောသည်။

ထို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့က ယခုဆုံးဖြတ်ချက်အဆိုအပေါ်အခြေပြုကာ စစ်အာဏာရှင်စနစ်နှင့် ၎င်း၏ ရာဇဝတ်မှုများကို အပြီးတိုင် အမြန်ချုပ်ငြိမ်းရေးအတွက် ထို့ထက်ပို၍ ခိုင်မာသော လုပ်ဆောင်ချက်များကို အချိန်မီဆောင်ရွက်ကြပါရန် မြန်မာပြည်သူများကိုယ်စား NUG က တောင်းဆိုသည်။

အဓိကအားဖြင့် NUG သည် မိတ်ဖက်အဖွဲ့အစည်းများ၊ မြန်မာပြည်သူများနှင့်အတူ အကျိုးတူပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးလုပ်ငန်းစဉ်၊ ရိုဟင်ဂျာများ နေရပ်ပြန်လည် လာရောက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်အား ဖန်တီးပေးရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိရေးနှင့် နိုင်ငံတကာရာဇဝတ်မှုဥပဒေအား ချိုး‌ဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရေးတို့အတွက် နိုင်ငံတကာကူညီထောက်ပံ့မှုများကို ထပ်လောင်းတောင်းဆိုသည်။

မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကလည်း ဆုံးဖြတ်ချက်တွင် အပြုသဘောဆောင်သည့် အချက်များပါဝင်သော်လည်း အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပိုမိုအားကောင်သည့် စာသားများကို မျှော်လင့်ကြောင်း ပြောသည်။

“ဒါက ပထမဆုံးသော ခြေလှမ်းဖြစ်တယ်ဆိုတာ သေချာပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက UNSC အနေနဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့ ရာဇဝတ်မှုတွေ အဆုံးသတ်ပေးဖို့ ဒီထက်ပိုမိုပြီး အားကောင်းတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ တောင်းဆိုပါတယ်” ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မြန်မာကိုယ်စားလှယ်များနှင့် ပြည်သူများထံမှ တိုက်ရိုက်လက်ခံရယူ၍ ယခုကိစ္စအား ဦးစားပေးအဖြစ် လုံခြုံရေးကောင်စီက ထိရောက်စွာ ပုံမှန်ကိုင်တွယ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း NUG က တိုက်တွန်းထားသည်။

လုံခြုံရေးကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်၍ ပထမဆုံးဆုံးဖြတ်ချက်မှာ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်ကဖြစ်ပြီး ထိုစဥ်က မြန်မာနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် သတ်မှတ်ရန် အကြံပြုခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

ယင်းဆုံးဖြတ်ချက်သည် အကြပ်အတည်းကို ဖြေရှင်းရန်နှင့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အရပ်သားပြည်သူများကို ဖိနှိပ်ချုပ်ခြယ်မှုနှင့် အကြမ်းဖက်မှုများတိုးမြှင့်ဆောင်ရွက်လာခြင်းကို အဆုံးသတ်ရန် လုံခြုံရေးကောင်စီ၏ အရေးပါသောခြေလှမ်းတစ်ခုဖြစ်ကြောင်း အမေရိကန်က ဆိုသည်။

သတင်း

လုံခြုံရေးကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်၍ ပထမဆုံးဆုံးဖြတ်ချက်မှာ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်ကဖြစ်ပြီး ထိုစဥ်က မြန်မာနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် သတ်မှတ်ရန် အကြံပြုခဲ့ခြင်းဖြစ်သည်။

သတင်း

ပူးတွဲထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခဲ့သည်ဟု သိရသည်။

သတင်း

ဒီဇင်ဘာ ၂၀ရက်က ကျရောက်ခဲ့သည့် ၂၇၁၄ ခုနှစ် တအာင်းနှစ်သစ်ကူးနေ့ကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။