Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတွင်းမြစ်ဆန်တက်လာသည့် ရိက္ခာတင်သင်္ဘောများနှင့် ကုန်ကြောင်းနယ်မြေရှင်းလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်အုပ်စုအထိနာဟု KLG တပ်မဟာပြော

တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်အချို့ရှိပြီးစစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေဆဲဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

(ယင်းမာပင်-ကနီမြို့နယ်အစပ် ကျောက်မှော် ကျေးရွာအနီး စစ်ကောင်စီရိက္ခာတင်သင်္ဘောများ အားတွေ့ရစဥ်၊ ဓာတ်ပုံ - KLG)
(ယင်းမာပင်-ကနီမြို့နယ်အစပ် ကျောက်မှော် ကျေးရွာအနီး စစ်ကောင်စီရိက္ခာတင်သင်္ဘောများ အားတွေ့ရစဥ်၊ ဓာတ်ပုံ - KLG)

ချင်းတွင်းမြစ်အတွင်းဆန်တက်လာသည့် ရိက္ခာတင် သင်္ဘောများနှင့် ကုန်ကြောင်းနယ်မြေရှင်းလင်းရေးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ဦးထက်မနည်း သေဆုံးကြောင်း ကနီမြို့နယ်အခြေစိုက် KLG တပ်မဟာ တာဝန်ရှိသူက ပြောသည်။

ဟုမ္မလင်းမြို့သို့ ပို့ဆောင်မည့် လေယာဥ်ဆီနှင့် လက်နက်ခဲယမ်းများပါရှိသော စစ်ကောင်စီ သင်္ဘောများကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အင်အား ၁၀၀ကျော်ဖြင့် စစ်ကောင်စီက ကနီမြို့နယ် မုဌောရွာအနီးတစ်ဝိုက် နယ်မြေရှင်းလင်းရန် ဒီဇင်ဘာ ၂၁ ရက်ကစတင် စစ်ကြောင်းထိုးလာခြင်းဟု ဆိုသည်။

“ကျွန်တော်တို့ နယ်မြေခံမဟာမိတ်တပ်တွေအား လုံးစုပေါင်းပြီး ကြားဖြတ်တိုက်နိုင်ခဲ့တာ။မုဌောရွာရဲ့ အနောက်တောင်ဘက်ကိုအခြေပြုပြီး တိုက်ပွဲ ပြင်းထန်ခဲ့တယ်။သူတို့ဘက်က သေတဲ့လူများလို့ မနက် ၁၁ နာရီ မိနစ် ၂၀လောက်မှာ တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ၁နာရီလောက်ကြာတယ်လာပစ်တာ” ဟု အထက်ပါတာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

ယမန်နေ့ နံနက် ၁၀ နာရီက စတင်ခဲ့သော တိုက်ပွဲမှာ ညနေ ၃ နာရီကျော်မှ ပြီးဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၃၀ မှ ၅၀ကြား သေဆုံးမည်ဟု ၎င်းက မှတ်ချက်ပေးသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်အချို့ရှိပြီးစစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေဆဲဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

သို့သော် ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

“မနေ့က သူတို့အထိနာနေလို့ အခုထိ(ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်း) မုဌောရွာနားမှာပဲ ကမ်းကပ် ထားရသေးတယ်။ဆက်မတက်နိုင်သေးဘူး။ ကျွန်တော်တို့လည်း ရှေ့ပွိုင့်မှာ”ဟု ၎င်းက ပြောသည်။

ချစ်တွင်းမြစ်ကြောင်းမှ ဆန်တက်လာသော စစ်ကောင်စီ၏ ထောက်ပို့သင်္ဘော ခုနစ်စီးသည် ကနီမြို့နယ်အတွင်းသို့ ယခုလတတိယပတ်ကစ၍ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

မြစ်ဘေးနှစ်ဖက် ကုန်းကြောင်းမှလည်း စစ် ကြောင်းထိုးခဲ့ပြီး ကျောက်မှော်ရွာနှင့် ကျွန်ပေါ်ရွာရှိပြည်သူ့နေအိမ်များ မီးရှို့ခံခဲ့ရသည်။

You May Also Like

သတင်း

ယခုဒီဇင်ဘာလလယ်ပိုင်းကလည်း ညောင်ပင်ဝန်းရဲစခန်းရှိ စစ်ကောင်စီတပ်ကို ဒေသကကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ကျန်တဲ့သူတွေကတော့ လိုင်စင်မရှိဘဲ ကျောက်မျက်ရောင်းဝယ်တဲ့ပုဒ်မ ၅၁(ခ) ၊ပူးပေါင်းကြံစည်မှု ကျောက်မျက်ပုဒ်မ ၅၄ တို့နဲ့စွဲဆိုပြီး ထောင်ဒဏ်တွေချခံရတာပါ။

သတင်း

စစ်ကောင်စီတပ်သည် အင်အား ၈၀ဖြင့် ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာစဉ် ဇင်းကလင်းရွာနှင့်ထိုမာကျရွာ ကြားတွင် ယနေ့ မနက်ပိုင်းကမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒီဇင်ဘာ ၁၇ရက်မှ ၂၀ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအခြေနေများကို ဖော်ပြခဲ့သည်။