Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်တွင် စစ်ကောင်စီတ​ပ်က ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်၍ (၄)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြောင်နယ်အတွင်းရှိ ကျေးရွာများက ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆုံးပါးသွားသည့်ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-Ko Nway Oo (Myaung)
ဆုံးပါးသွားသည့်ကလေးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ-Ko Nway Oo (Myaung)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မြေးအဘွားနှစ်ဦးအပါအဝင် ခုနစ်ဦးထက်မနည်းထိခိုက်ခဲ့ပြီး (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း မြောင် CDSOMအဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောကြားသည်။

ယနေ့ (ဒီဇင်ဘာ ၂၃ ရက်)နံနက် ၁၀ နာရီခန့်က ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာဘက်မှ မြစ်အနောက်ဘက်ကမ်း မြောင်​မြို့နယ် ညောင်ကားယားကျေးရွာအတွင်းသို့ (၆၀) မမ သုံးလုံး၊ အတွဲလိုက်အီနာဂါများအား ဒရုန်းဖြင့်နှစ်ကြိမ်ကြဲချရာ ဒေသခံ ပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ထိခိုက်သူများအနက် အိမ်တွင်ရှိနေသော မြေးအဘွား နှစ်ဦး၏ ရှေ့သို့ ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါ မြေးအဘွားနှစ်ဦးလုံး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

” ဖြစ်ဖြစ်ချင်း ရပ်ရွာကာကွယ်ရေးအဖွဲ့များကသတင်းပေး အကူအညီတောင်းလာကြလို့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေနဲ့ ဒဏ်ရာရပြည်သူတွေကို အချိန်မီကုသနိုင်ရေးကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အသက်လုကုရမယ့် ဝေဒနာရှင်​တွေရှိလာလို့ နွေဦးရောင်နီဆေးခန်း ဆက်ပို့တာ ကလေးငယ်က လမ်းမှာပဲ ဆုံးပါးသွားခဲ့ရပါတယ်။”ဟု ကိုနွေဦး(မြောင်)က ပြောသည်။

အဘွားဖြစ်သူမှာလည်း ဒဏ်ရာပြင်းထန်ပြီး ကြိုးစားကုသရမည့်အခြေနေဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြောင်နယ်အတွင်းရှိ ကျေးရွာများက ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

You May Also Like

ဆောင်းပါး

ဂန့်ဂေါမြို့နယ်ထဲတွင်ဆင်စခန်း၁၁ခုကျော်ရှိပြီးအနည်းဆုံး ဆင်ကောင်ရေ ၈၀ ကျော်ရှိသည်။ ထိုဆင်များသည်စစ်တပ်အာဏာမသိမ်းခင်က အစိုးရသစ်ထုတ်ရေးစခန်းမှသစ်လုံးများကိုကားလမ်းအပေါ်သို့ဆွဲ​ပေးသည့်သစ်ဆွဲဆင်များဖြစ်သည်။သို့​သော်ယခုအခါအလုပ်လက်မဲ့ဖြစ်နေကြသည်။

သတင်း

ယနေ့(ဒီဇင်ဘာ ၂၃ ရက်)နေ့လယ် ၁၂နာရီအချိန်တွင် စစ်ကောင်စီလေတပ်မှ တိုက်လေယဥ်တစ်စင်းပျံဝဲနေသည်ကို တွေ့ရှိရခြင်းဟု ဆိုသည်။

သတင်း

တိုက်ပွဲ ငြိမ်သွားပြီး စစ်ရေးပြေလျော့သည့်အခြေအနေတွင် MNDAAက နယ်မြေရှင်းလင်းရာ တွေ့ရှိခဲ့သည့် လက်နက်နှင့် ခဲယမ်းများကို စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁ ရက်မှ ၁၀ ရက်အထိ ကျေးရွာပေါင်း ၁၉ ရွာမှ ပြည်သူနေအိမ် ၁,၇၀၃လုံး မီးရှို့ဖျက်ဆီးသွားခဲ့ပြီး အာဏာသိမ်းကာလတစ်လျှောက် မီးရှို့ဖျက်ဆီးခံရမှု နေအိမ် ၃,၀၀၀ ကျော်သွားပြီဖြစ်သည်။