Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကမာရွတ်မြို့နယ် စာရင်းစစ်ရုံးကို လက်ပစ်ဗုံးပစ် တိုက်ခိုက်

FLA အဖွဲ့သည် ယမန်နေ့ကလည်း အထက်ပါမဟာမိတ်အဖွဲ့များနှင့်အတူ တာမွေမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်တစ်ခုကို လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့သည်။

(ကမာရွတ်မြို့နယ်၊ လှည်းတန်းစျေးအနီး အာဏာသိမ်း စစ်ကောင်စီတပ်များ​၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကိုညီညီ သေဆုံးခဲ့သည့်နေရာတွင် ၂၀၂၁ မတ်လ၂၆ရက်က တွေ့ရသော စစ်ကောင်စီလက်ပါးစေ ရဲများ၊ ဓာတ်ပုံ - CJ)
(ကမာရွတ်မြို့နယ်၊ လှည်းတန်းစျေးအနီး အာဏာသိမ်း စစ်ကောင်စီတပ်များ​၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကိုညီညီ သေဆုံးခဲ့သည့်နေရာတွင် ၂၀၂၁ မတ်လ၂၆ရက်က တွေ့ရသော စစ်ကောင်စီလက်ပါးစေ ရဲများ၊ ဓာတ်ပုံ - CJ)

အကြမ်းဖက်‌စစ်‌ကောင်စီ လက်အောက်ခံ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် စာရင်းစစ်ရုံးကို လက်ပစ်ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီနေ့ အဲဒီတစ်ဝိုက် လမ်းကြပ်တာရှယ်ပဲ။ လမ်းကြပ်တဲ့ကြားထဲကနေ ရအောင်ကခဲ့တယ်။ထောက်တိုင်ဖြိုတာ။ စစ်တပ်လက်အောက်ခံရင် သူတို့ရွေးချယ်မှုပါပဲ “ဟု ယင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ ၎င်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို‌ ဒီဇင်ဘာ ၂၃ ရက် နေ့လည် ၁ နာရီခန့်တွင် Freeland Attack Force (FLA)နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သည့် Emerald Girls Army (EGA) နှင့် Revolution of 21 Century အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်အဖွဲ့သားများအားလုံးဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းတိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီ အင်အားအများအပြား ယင်းနေရာအနီးအနား၌ စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

“သူတို့ လာစစ်တဲ့အချိန်နဲ့ လုပ်ပီးချိန် ၁၀မိနစ်လောက်ပဲကွာတယ် အများဆုံး။နည်းတဲ့အားတော့မဟုတ်ဘူး။ထပ်လာတာရှိတယ်ပြောပေမဲ့ အတည်မပြုနိုင်ဘူး”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီဝင်များရှိသည့်နေရာများ ၊ အစိုးရအဆောက်အဦးများနှင့် ထောက်တောင်များနှင့် တတ်နိုင်သမျှရှောင်ရှားသွားရန် FLA က တိုက်တွန်းထားသည်။

FLA အဖွဲ့သည် ယမန်နေ့ကလည်း အထက်ပါမဟာမိတ်အဖွဲ့များနှင့်အတူ တာမွေမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်တစ်ခုကို လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့သည်။

You May Also Like

သတင်း

ယင်းနေ့ နံနက်အစောပိုင်းကလည်း မြေနီကုန်းနှင့် ကူးဆိပ်အကြားရှိ အကြမ်းဖက်စစ်ကောင်စီတပ်အား တစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ပလမြို့မှ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှာ ပုလောမြို့နယ် မြိတ်ခရိုင်တပ်ရင်း (၁ )လက်အာက်မှ တပ်ဖွဲ့ဖြစ်​ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူကပြောသည်။

သတင်း

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်နိုင်ဖွယ်ရှိပြီး အဖွဲ့သားများ အားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း FLA အဖွဲ့က ဆိုသည်။

သတင်း

တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်အချို့ရှိပြီးစစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေဆဲဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။