Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်တလန်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်နက် များနှင့်အတူ ချင်းတပ်ဖွဲ့ထံ ခိုလှုံလာ

ဒီဇင်ဘာ ၂၄ရက် ညပိုင်းတွင် လက်နက်နှစ်လက် နှင့်အတူ ထွက်ပြေးခိုလှုံလာခြင်းဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်ကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။

(CDF ထန်တလန် ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - CDF ထန်တလန်)
(CDF ထန်တလန် ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်၊ ဓာတ်ပုံ - CDF ထန်တလန်)

ချင်းပြည်နယ် ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်မှ စစ်သားနှစ်ဦးလက်နက်နှင့်အတူ ချင်းတပ်ဖွဲ့များဖြစ်သည့် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးတပ်(CDF)ထံသို့ ခိုလှုံလာကြောင်း The Chin Journalက ဖော်ပြသည်။

ဒီဇင်ဘာ ၂၄ရက် ညပိုင်းတွင် လက်နက်နှစ်လက် နှင့်အတူ ထွက်ပြေးခိုလှုံလာခြင်းဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်ကို ကိုးကားဖော်ပြထားခြင်းဖြစ်သည်။

“ထန်တလန်မြို့တွင်း CDFနဲ့ CNAတပ်ဖွဲ့ဝင်များ အခြေချတဲ့ နေရာကို ထွက်ပြေးလာကြတာပါ။သေနတ် နှစ်လက်နဲ့ ကျည်ဆံတွေ ပါလာကြတယ်”ဟု မြေပြင်သတင်းရင်းမြစ်က ပြောကြားကြောင်း ဖော်ပြထားကာ ထွက်ပြေးလာသူများကို လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး CNAပြောရေးဆို ခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ယနေ့နံနက် ဆက်သွယ် မေးမြန်းရာ ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ မရသေးဟု ဖြေကြားသည်။

ချင်းပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်မှ ထွက်ပြေးကာ ဒေသခံချင်းတပ်ဖွဲ့များထံ အလင်းဝင်လာသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

တီးတိန်၊ ဟားခါး၊ ထန်တလန်၊ ပလက်၀နှင့် မင်းတပ် စသည့်ဒေသရှိ ချင်းတပ်ဖွဲ့များထံသို့ သက်ဆိုင်ရာဒေသရှိ စစ်သားနှင့် ရဲများခိုလှုံလာခြင်းဖြစ်ပြီး လက်နက်ပါသူများ ရှိသကဲ့သို့ လက်နက်မဲ့ အလင်းဝင် လာသူများလည်းရှိသည်။

You May Also Like

သတင်း

ယခုလပိုင်းအတွင်း ချင်းပြည်နယ် တီးတိန်၊ ဟားခါး၊ထန်တလန်၊ မင်းတပ်နှင့် ပလက်၀ ဒေသများရှိ ချင်းတပ်ဖွဲ့များထံသို့ စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်လာမှု ဖြစ်စဉ်များစွာရှိခဲ့ကြောင်း သက်ဆိုင်ရာ ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

သတင်း

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်က အစိုးရ၏တစ်နှစ်စီမံချက် (စစ်အာဏာရှင် ဖြုတ်ချရေးဘက်ပေါင်းစုံမှ ထိုးစစ်ဆင်မည့်စီမံချက်)အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းပြခဲ့သည်ဟု ဆိုသည်။

သတင်း

မုံရွာ - မန္တလေးလမ်းမကြီးပေါ်၌ စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေပြီး ပြည်သူများ စစ်ကားများနှင့် အနီးကပ်လိုက်ပါခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

သတင်း

မုံရွာ - မန္တလေးလမ်းမကြီးပေါ် မုံရွာနှင့်ချောင်းဦးကြားလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များအား ဒေသတွင်းPDFများက ခပ်စိတ်စိတ်တိုက်ခိုက်နေသည်။