Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးမြို့နယ်မှ ပျုခေါင်းဆောင်ကို ပြည်သူ့ကာ ကွယ်ရေးတပ်များ ဖမ်းမိ

ကံကြီးကုန်းကျေးရွာကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် (၁၀)ဖွဲ့ထက်မနည်းက ဝင်ရောက်စီးနင်းပြီး ပျူခေါင်းဆောင်လှဆင့်ကို ဖမ်းဆီးခဲ့​​ခြင်းသည် စစ်ကောင်စီကို အထိနာစေသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

(ချောင်းဦးမြို့အတွင်း၌ လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားတချို့အား ၂၀၂၁က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ချောင်းဦးမြို့အတွင်း၌ လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားတချို့အား ၂၀၂၁က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့အတွင်း အန္တရာယ်အကြီးဆုံး ပျုစောထီးခေါင်းဆောင်ကို အရှင်ဖမ်းမိထားပြီး စစ်ဆေးနေကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များက ပြောသည်။

ချောင်းဦးမြို့တွင် ပျူစောထီးရွာဟုနာမည်ကြီးသော ကံကြီးကုန်းကျေးရွာမှ ပျူခေါင်းဆောင် လှဆင့်ဆိုသူကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များက ယမန်နေ့(ဒီဇင်ဘာ၂၅ရက်)က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လှဆင့်သည် ဘုန်းကြီးဝတ်နေပြီး နန္ဒာစာရဘွဲ့ကိုယူကာ ပျူစောထီးခေါင်းဆောင်အနေ​ဖြင့် ရပ်တည်နေသူဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

“သူ့(လှဆင့်)ကြောင့် PDFတွေ အဖမ်းခံရတာတွေ၊ အသတ်ခံရတာတွေ မနည်းဘူး။ အခုတော့ သူ့ကိုဖမ်းမိပြီ။ အသေးစိတ်ကို စ်ိစစ်နေပြီး သတင်းထုတ်ပြန်သွားပါမယ်”ဟု ချောင်းဦးမြို့ပြည်သူ့ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကံကြီးကုန်းကျေးရွာကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် (၁၀)ဖွဲ့ထက်မနည်းက ဝင်ရောက်စီးနင်းပြီး ပျူခေါင်းဆောင်လှဆင့်ကို ဖမ်းဆီးခဲ့​​ခြင်းသည် စစ်ကောင်စီကို အထိနာစေသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

လက်ရှိတွင် ချောင်းဦးမြို့နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေပြီး ချောင်းဦး-အမြင့်လမ်းပိုင်းအား လုံးဝအသုံးမပြုကြရန် တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။

You May Also Like

သတင်း

နေ့ဘက်တိုက်ပွဲများတွင်အထိနာနေသဖြင့် စစ်ကောင်စီစစ်ကြောင်းများသည် ယခုအခါ ညဘက်စစ်ကြောင်းထိုးသည့်ဗျူဟာကို အသုံးပြုလာသည်ဟုမြောင်မြို့နယ် လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -CDSOMတာဝန်ခံကိုနွေဦးကပြောသည်။

သတင်း

ဝမ်းတွင်းမြို့နယ်၊ ညောင်တိုအုပ်စု (၇)ရွာအုပ်ကြီးပြည်အေးဆိုနှင့် သူ၏သား စိုင်းမြင့်အောင်ပြေ (ခ)ပုလုံးတို့ကို ယမန်နေ့(ဒီဇင်ဘာ ၂၄ ရက်) ည ၈ နာရီခန့်က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း WTRF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

အဆိုပါ ဖမ်းဆီးမှုတွင် ပုလောဒေသကာကွယ် ရေးတပ်ဖွဲ့ (PRDF) ၊ ပုလောပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PPDF)နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့ (PSGF)တို့ ပူးပေါင်းပါဝင်ခဲ့သည်။

ဗီဒီယို

လက်ရှိကာလမှာ ခရစ္စမတ်၊ နှစ်သစ်ကူး၊ လွတ်လပ်ရေးစတဲ့ အထိမ်းအမှတ် ပွဲတော်‌တွေပြုလုပ်နေပေ မယ့် ဖြစ်နိုင်ရင်တော့ အိမ်မှာပဲ မိသားစုနှင့်အတူ ဖြတ်သန်းဖို့ တိုက်တွန်းထားပါတယ်။