Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စမ်းချောင်းတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ ပစ်ခတ်ခံရ

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်အများအပြား ရောက်ရှိလာပြီး စမ်းချောင်းရှိ သဇင်လမ်းအား ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

(အခင်းဖြစ်ပွားသည့်ဆိုင်အား စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်နေစဥ်၊ဓာတ်ပုံ - CJ)
(အခင်းဖြစ်ပွားသည့်ဆိုင်အား စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်နေစဥ်၊ဓာတ်ပုံ - CJ)

▪️အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးသေပြီး ဆယ်အိမ်မှူးဒဏ်ရာရရှိဟုဆို

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၂) နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေသည့် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၀နာရီခွဲဝန်းကျင်တွင် စမ်းချောင်းမြို့နယ် ဝေဠုဝန်မြောက်ရပ်ကွက်ရှိ စူပါလက်ဖက်ရည်ဆိုင်၌ထိုင်နေသည့် အုပ်ချုပ်ရေးမှူးဝေဖြိုးအောင်၊ ရာအိမ်မှူး ထွန်းထွန်းနှင့် ဆယ်အိမ်မှူးတို့ကို အမည်မသိလူအချို့က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဖြိုးဝေအောင်နှင့် ထွန်းထွန်းတို့ သေဆုံးခဲ့ပြီး ဆယ်အိမ်မှူးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်သံ ငါးချက်၊ ခြောက်ချက်လောက် ကြားလိုက်ရတယ်။ အုပ်ကြီးနဲ့ ရာအိမ်မှူး ထွန်းထွန်းတို့ ပွဲချင်းပြီး သေသွားတယ်။ ဆယ်အိမ်မှူးတစ်ယောက်တော့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ် “ဟု စမ်းချောင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်အများအပြား ရောက်ရှိလာပြီး စမ်းချောင်းရှိ သဇင်လမ်းအား ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

“အုပ်ကြီး ပစ်ခံရပြီး ၁၁နာရီလောက်ကနေစပြီး စစ်ကားတွေနဲ့ သဇင်လမ်းကို တောက်လျောက်စစ်နေတယ်။ ဘယ်သူတွေပစ်သွားတာလဲ တွေ့လိုက်လားဆိုပြီး လိုက်မေးနေတယ်။ စစ်သားအင်အား ၁၅ ယောက်ကျော်လောက် ပါပါတယ်။ CCTV ရှိ၊ မရှိ ကိုလည်း တစ်လမ်းလုံး လိုက်ကြည့်နေပါတယ် “ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ဝေဖြိုးအောင်သည် ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး စစ်ကောင်စီက ကျင်းပရန်စီစဥ်နေသည့် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များကို ကူညီလုပ်ဆောင်သူတစ်ဦးလည်း ဖြစ်ကြောင်း စမ်းချောင်းမြို့ရှိ ပြည်သူအချို့က ဆိုသည်။

“နေရာမှာတင်သေတယ်။သူ့ကို တည်ပစ်တာ။သူက ဒီက နယ်ခံပဲ။ရဲတပ်ကြပ်ကြီးအနေနဲ့ ထွက်ထားတာ”ဟု အခင်းဖြစ်ပွားရာနေရာအနီး နေထိုင်သူက လူထုနွေဦးသို့ ရှင်းပြသည်။

You May Also Like

သတင်း

အဆိုပါတိုက်ပွဲ၌ MNDAA ဘက်က ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အသေအပျောက်ကို မသိရသေးကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း

မတရားထောင်ဒဏ်ချမှတ်ခံရမှု မတိုင်မီက ရွှေပြည်အေးရွာသား ၁၉ဦးအား သေနတ် ၅လက်ဖြင့် ပြန်လာရွေးရန် စစ်ကောင်စီအကြောင်းကြားမှုရှိခဲ့သည်။

သတင်း

ပလမြို့မှ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှာ ပုလောမြို့နယ် မြိတ်ခရိုင်တပ်ရင်း (၁ )လက်အာက်မှ တပ်ဖွဲ့ဖြစ်​ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁) တာဝန်ရှိသူကပြောသည်။

သတင်း

နယ်မြေရှင်းလင်းရန်သွားရောက်သည့် တော်လှန်ရေးရဲဘော်လေးဦးအနက်မှ တစ်ဦးကျဆုံးပြီး သေနတ်တစ်လက်၊ကျည်ဘောက်ငါးခု အပါအဝင် ကျည် (၁၈၀)ခန့်နှင့် လက်ပစ်ဗုံးတစ်လုံးဆုံးရှုံးခဲ့ကြောင်း ဗိုလ်အောင်မောင်းက ရှင်းပြသည်။