Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုတွင် နှစ်လအတွင်း ကျေးရွာ ၁၂ရွာရှိမှ နေအိမ် ၁၆၂လုံး မီးရှို့ဖျက်ဆီးခံရ

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော မီးဘေးသင့် မိဘပြည်သူများအား ထောက်ပံ့ကူညီ လှူဒါန်းမှုများပြုလုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

မီးရှိူ့ခံရ​သော ထန်းပင်ချောင်းနှင့် ရွာသာအေး ကျေးရွာတို့အား တွေ့ရစဥ်၊ဓာတ်ပုံ - CJ
မီးရှိူ့ခံရ​သော ထန်းပင်ချောင်းနှင့် ရွာသာအေး ကျေးရွာတို့အား တွေ့ရစဥ်၊ဓာတ်ပုံ - CJ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း ကျေးရွာ ၁၂ရွာရှိ နေအိမ်ပေါင်း ၁၆၂လုံးမီးရှိ့ဖျက်ဆီးခံခဲ့ရကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ်တွင် နိုဝင်ဘာအတွင်းနှင့် ဒီဇင်ဘာ ၂၆ရက်အထိကာလအတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၂ရွာရှိ နေအိမ်ပေါင်း ၁၆၂လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း ရေစကြို(ပအဖ)က အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာကျေးရွာများရှိ ပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူ လုယက်ယူဆောင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်ချက်ပြုတ်စားသောက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းစသော စစ်ရာဇဝတ်မှုများကျူးလွန်လုပ်ဆောင်ခဲ့ကြကြောင်း ရေစကြို(ပအဖ)အဖွဲ့က ဆိုသည်။

မီးရှိူ့ခံရ​သော ထန်းပင်ချောင်းနှင့် ရွာသာအေး ကျေးရွာတို့အား တွေ့ရစဥ်၊ဓာတ်ပုံ - CJ
မီးရှိူ့ခံရ​သော ထန်းပင်ချောင်းနှင့် ရွာသာအေး ကျေးရွာတို့အား တွေ့ရစဥ်၊ဓာတ်ပုံ – CJ

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၉ရက် မွန်းလွဲပိုင်းကလည်း ရေစကြိုမြို့နယ်၊ ပခန်းငယ်ရွာကို ပျူစောထီးအဖွဲ့များနှင့် ဝင်ရောက်ပစ်ခတ်ကာ နေအိမ် ငါးလုံးကိုဖျက်ဆီးခဲ့ကြောင်း၊ နေအိမ်များထဲရှိ ပြည်သူပိုင်ပစ္စည်းဥစ္စာများကို ခိုးယူလုယက် ယူ ဆောင်သွားခဲ့ကြကြောင်း ရေစကြို(ပအဖ)အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော မီးဘေးသင့် မိဘပြည်သူများအား ထောက်ပံ့ကူညီ လှူဒါန်းမှုများပြုလုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

You May Also Like

သတင်း

ဗြိဘရွာကို ၂၀၂၂ ဇူလိုင်လ ၂ ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် တစ်ကြိမ်နှစ်ကြိမ်တိုင်တိုင် စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။

သတင်း

စခန်းအတွင်းရှိ လက်နက်ခဲယမ်းနှင့် ရိက္ခာအပါအဝင် ကာလတန်ကြေး စုစုပေါင်း သိန်း၁၅၀ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဖောင်းကွဲကျေးရွာမှ ပြည်သူ လေးဦးကိုလည်း သတ်ဖြတ်သွားရာ စိတ်ကျန်းမာရေးမကောင်းသူလည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ညနေ ၄ နာရီခန့်တွင် ထန်းတောကုန်းရွာ၊ ည ၇ နာရီခန့်တွင် ဂူကြီးကုန်းရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြကြောင်း၊ ပျက်စီးအိမ်ခြေအတိအကျမသိရသေးကြောင်း နယ်ခံများက ပြောသည်။