Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှ နှစ်ကြိမ်ထပ်မံတိုက်ခိုက်၊ ညပိုင်းတွင် လက်နက်ကြီးပစ်ခတ်နေ

စစ်ကောင်စီတပ် ပစ်ခတ်၍ ဒေသခံ ရွာသား တစ်ဦး လက်တွင်ဒဏ်ရာရခဲ့ပြီး ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ပေးပို့)

▪️ကော့နွဲ့ရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ် မီးရှို့၊စစ်ဘေးရှောင်များတိုးလာ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင် သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က ယနေ့ (ဒီဇင်ဘာ ၂၇ရက်)တွင် လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ် ပစ်ခတ်၍ ဒေသခံ ရွာသား တစ်ဦး လက်တွင်ဒဏ်ရာရခဲ့ပြီး ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ – ပေးပို့)

“မနက်ကတော့ ရွာသစ်ရွာသာတစ်ယောက်လက် ထိသွားတယ်။ အိမ်မီးရှို့တာလည်းရှိတယ်။ စစ်ဘေးရှောင်က ရွာတွေထပ်ရှောင်လာတာရှိတယ်။ မြို့ဟောင်းတို့ရွာတွေ ကော့နွဲ့၊ရွာသစ်တို့ ထပ်ရှောင်လာပြီ။ မောင်းမရွာသစ်ရယ် သာယာကုန်းတို့လည်း ထပ်ရှောင်လာပြီ။ အဲဒါဆိုတော့ စစ်ဘေးရှောင် ပိုများလာတယ်”ဟု ကော့ကရိတ်ဒေသခံက ယနေ့ စစ်ရေးအခြေအနေကို ပြောပြသည်။

(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ – ပေးပို့)

၎င်းက ဆက်လက်၍ “တိုက်ပွဲကလည်း နေ့စဉ်ဖြစ်တယ်။ လေယာဉ်ကလည်း တစ်နေကုန်ဝဲတယ်။ လေယာဉ် လာပစ်သွားတာ ၂ကြိမ်ပစ်သွားတယ်။ နောက်တစ်ခါ ကင်းထောက်လေယာဉ်တွေ တောက်လျှောက်ပဲ။ အခု မိုးချုပ်ပိုင်းမှာ တော့ လက်နက်ကြီးတွေ အရမ်းကို လိုက်ထုနေတယ်။ ရွာထိခိုက်နစ်နာမှု အားလုံးတော့ မသိရသေးဘူး။ အိမ်က ဘယ်နှစ်လုံးမီးရှို့ခံရတယ်ဆိုတာ မပြောနိုင်သေးဘူး။ သူများပြောတာ လေးလုံးတို့ ငါးလုံးတို့လို့တော့ ပြောတယ်”ဟု ပြောသည်။

(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ပေးပို့)
(စစ်ကောင်စီတပ်က ကော့ကရိတ်နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ခွံများအား တွေ့ရစဉ်၊ ဓာတ်ပုံ – ပေးပို့)

ကော့နွဲ့ရွာ မီးလောင်မှုမှာ စစ်ကောင်စီတပ်က မီးရှို့ခြင်းဖြစ်ပြီး အိမ်ခြေမည်မျှမီးလောင်သည်ကို မသိရသေးဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၆ရက်မှစ၍ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်မှု ၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုတို့ကြောင့် အရပ်သားသေဆုံးထိခိုက်မှုများရှိနေသည်ဟု ဒေသခံက ပြောသည်။

You May Also Like

သတင်း

ယမန်နေ့( ဒီဇင်ဘာ ၂၇ရက်)ကလည်း ရေစကြိုနှင့်မြောက်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများနှင့်အသုံးအဆောင်ပစ္စည်းများကို မြောင်လူငယ်ကွန်ယက် YFC၊ CDSOM၊ Pdf - Taloke ၊ မြင်းမူ CRF တို့က သွားရောက်လှူဒါန်းခဲ့ကြသည်။

သတင်း

ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)ညနေ ၃နာရီခန့်က မုံရွာမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ တောပုရွာရှိ ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ယမန်နေ့ (ဒီဇင်ဘာ၂၆ ရက်) ညနေ ၅နာရီခန့်က ဒီပဲယင်းမြို့ပေါ် ဆရာစံခန်းမမှ ထွက်လာ​သော တပ်ရင်း (၇၀၁)၏ အင်အား(၆၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကြည်ရွာနှင့် ဘုရားထွက်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ဒီဇင်ဘာ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကာ PDFရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့သည်။