Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော် PDFအဖွဲ့၏ လက်နက်ခဲယမ်းဂိုဒေါင် မီးလောင်၊ ကျပ်သိန်း ၃,၀၀၀ခန့် ဆုံးရှုံး

ပြည်သူများအ​နေဖြင့် ဂဠုန်တပ်​တော် ​ရှေ့ဆက်​တော်လှန်နိုင်ရန်နှင့် လက်နက်၊ခဲယမ်းများပြန်လည် ထုတ်လုပ်၊စုဆောင်းနိုင်ရန်အတွက် တတ်နိုင်သည့်ဘက်ပေါင်းစုံမှ ကူညီ​ထောက်ပံ့ပေးကြပါရန် ​ဂဠုန်တပ်တော် (ဒီပဲယင်း)က မေတ္တာရပ်ခံထားသည်။

(ပျက်စီးဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများနှင့် စခန်းတွင်းရှိပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဂဠုန်တပ်တော်)
(ပျက်စီးဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများနှင့် စခန်းတွင်းရှိပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဂဠုန်တပ်တော်)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်တော် PDF အဖွဲ့၏ လက်နက်ခဲယမ်းဂိုဒေါင် မီးလောင်ကျွမ်းခဲ့ရာ လက်နက်ခဲယမ်းများအပါအဝင် ကျပ်သိန်း ၃,၀၀၀ခန့် ဆုံးရှုံးခဲ့ကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၂၂ ရက်) နံနက် ၆နာရီခန့်က ယမ်း၊မိုင်းနှင့် လက်နက်ပစ္စည်းများထားရှိ​​သောဂို​ဒေါင်သည် ယမ်းအမျိုးအစား အပူအ​အေးမမျှတခြင်း​ကြောင့် ယမ်းမတည့်၍ စတင်​ပေါက်ကွဲ ​လောင်ကျွမ်းခဲ့ကြောင်း ဂဠုန်တပ်တော်က အသိပေးသည်။

(ပျက်စီးဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများနှင့် စခန်းတွင်းရှိပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဂဠုန်တပ်တော်)
(ပျက်စီးဆုံးရှုံးခဲ့သော လက်နက်ခဲယမ်းများနှင့် စခန်းတွင်းရှိပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – ဂဠုန်တပ်တော်)

ရဲဘော်များ PTပြေးနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ယမ်းများ၊ မိုင်းများ၊ လက်နက်များ(လက်နက်ငယ်များအပါအဝင် လက်နက်ကြီးပြောင်းများ၊အဖူးများ)၊ တဲ သုံး လုံး၊ ရဲ​ဘော်များ၏ဖုန်း ၁၀လုံးခန့် ၊ အ၀တ်စားများ ၊​စောင်များ ၊ ဖိနပ်များနှင့် အ​ထွေ​ထွေအသုံးအ​ဆောင်အားလုံး ဆုံးရှုံးခဲ့ကြောင်း၊ စုစု​ပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂,၉၀၀ မှ ၃,၀၀၀ ကြား ရှိကြောင်း ဂဠုန်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိခဲ့သော်လည်း အားလုံးသောထောက်ပို့ ပြည်သူတို့၏ ချွေးနဲစာဖြင့် ထောက်ပံ့ကူညီထားသော ပစ္စည်းများဖြစ်၍ များစွာစိတ်မကောင်းဖြစ်ရကြောင်း ဂဠုန်တပ်တော်က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဂဠုန်တပ်တော်ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပြည်သူများအ​နေဖြင့် ဂဠုန်တပ်​တော် ​ရှေ့ဆက်​တော်လှန်နိုင်ရန်နှင့် လက်နက်၊ခဲယမ်းများပြန်လည် ထုတ်လုပ်၊စုဆောင်းနိုင်ရန်အတွက် တတ်နိုင်သည့်ဘက်ပေါင်းစုံမှ ကူညီ​ထောက်ပံ့ပေးကြပါရန် ​ဂဠုန်တပ်တော် (ဒီပဲယင်း)က မေတ္တာရပ်ခံထားသည်။

You May Also Like

သတင်း

"စစ်ကောင်စီဘက်က အလောင်းတွေကို တာလပတ်နဲ့ အုပ်ပြီးကို မြစ်ထဲမျှောချသွားတာ။မနေ့ကလည်း ရွှေကျင်အစပ် ရာဘာတောမှာတိုက်ပွဲဖြစ် သွားသေဘတယ်။စကစက ရာဘာတောမီးရှို့ပြီး ပြန်ဆုတ်သွားရတယ်"ဟု ရွှေကျင်မြို့ခံတစ်ဦးက ပြောသည်။

သတင်း

ရန်သူအကြမ်းဖက် စစ်ကောင်စီတပ် ရောက်ရှိရာနေရာနှင့် ကျန်ရှိသောရွာသားများ၏ အိမ်အကွာအဝေးမှာ မီတာ ၁၀၀ မှ ၅၀၀အကွာအဝေးအတွင်းသာ ရှိပြီး PNDF နှင့် ညီနောင်တပ်ရင်းတပ်ဖွဲ့များမှ ရန်သူ့အနီးတဝိုက်သို့ သတိကြီးစွာချဉ်းကပ်ကာ ရွာသား စုစုပေါင်း (၁၅) ဦးအား အန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း အသိပေးသည်။

သတင်း

ယမန်နေ့ (မတ်လ ၂၁ ရက်) နံနက် ၁၀ နာရီခွဲခန့်က ပုလောနယ် ပဝတ်ဖျားနှင့် မင်းထိန်ကျေး ရွာကြားတွင် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို KNDO၊ ပုလော (ပ.က.ဖ)၊ KPDF၊ KRDF နှင့် မြိတ်ခရိုင် တပ်ရင်း (၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း...

သတင်း

ယနေ့ (မတ်လ ၂၂ ရက်)နံနက် ၇နာရီခွဲခန့်တွင်လည်း ရေစကြိုမြို့ပေါ်မှ အင်အား ၂၀ ခန့်ဖြင့်ထွက်လာသော စစ်ကောင်စီတပ်အား ပေကုန်းရေတံခါးအနီးအရောက်တွင် ပဒေသာမိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးနိုင်​ကြောင်း ပကဖအဖွဲ့က ပြောသည်။