Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောက်ဥက္ကလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

ယနေ့ ဧပြီ ၅ ရက်နံနက် ၅ နာရီခွဲခန့်က မြောက်ဥက္ကလာ (င)ရပ်ကွက် သုဓမ္မာလမ်းပေါ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(မြောက်ဥက္ကလာ (င)ရပ်ကွက်ရုံးအား ညပိုင်းတွေ့မြင်ရစဥ်နှင့် ညရပ်ကွက်ရုံးကို​နေ့ခင်းပိုင်း​တွေ့ရစဥ်။ ဓါတ်ပုံ-CJ၊ North Okkalapa Information)
(မြောက်ဥက္ကလာ (င)ရပ်ကွက်ရုံးအား ညပိုင်းတွေ့မြင်ရစဥ်နှင့် ညရပ်ကွက်ရုံးကို​နေ့ခင်းပိုင်း​တွေ့ရစဥ်။ ဓါတ်ပုံ-CJ၊ North Okkalapa Information)

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်နှင့် (ည) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံပြည်သူများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့ ဧပြီ ၅ ရက်နံနက် ၅ နာရီခွဲခန့်က မြောက်ဥက္ကလာ (င)ရပ်ကွက် သုဓမ္မာလမ်းပေါ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“(င)ရပ်ကွက်ရုံးဘေးက တာယာဆိုင်ရှေ့မှာ လာခွဲသွားတာ။ အထိအခိုက်မရှိဘူး။ (ရုံးထဲ)အစောင့်တွေတော့ရှိတယ်။ ရုံးဂျူတီ ရာအိမ်မှူးတွေပေါ့”ဟု မြောက်ဥက္ကလာပမှ ဒေသခံပြည်သူတစ်ဦးက People’s Spring သို့ ပြောသည်။

(မြောက်ဥက္ကလာ (င)ရပ်ကွက်ရုံးအား ညပိုင်းတွေ့မြင်ရစဥ်နှင့် ညရပ်ကွက်ရုံးကို​နေ့ခင်းပိုင်း​တွေ့ရစဥ်။ ဓါတ်ပုံ-CJ၊ North Okkalapa Information)
(မြောက်ဥက္ကလာ (င)ရပ်ကွက်ရုံးအား ညပိုင်းတွေ့မြင်ရစဥ်နှင့် ညရပ်ကွက်ရုံးကို​နေ့ခင်းပိုင်း​တွေ့ရစဥ်။ ဓါတ်ပုံ-CJ၊ North Okkalapa Information)

အဆိုပါ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် မိန်းလမ်းမကြီးတစ်ခုပေါ်တွင်ရှိသည့် ရုံးတစ်ရုံးဖြစ်ပြီး မြို့ပြတော် လှန်ရေးအဖွဲ့ UG များ၏ တိုက်ခိုက်ခြင်းကို မကြာခဏခံရလေ့ရှိသောကြောင့် ရုံးရှေ့တွင် သဲအိတ်ဘန်ကားများ၊ ဇာပိုက်စိမ်းများဖြင့် ကာရံထားပြီး နေ့ညအစောင့်ချ ထား​လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

အလားတူဧပြီ ၅ ရက် နံနက် ၅ နာရီခွဲ ဝန်းကျင်မှာပင်မြောက်ဥက္ကလာပမြို့နယ်(ည)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်း ဗုံး ပစ် တိုက် ခိုက် ခဲ့​ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ( ၂) က ထုတ်ပြန်သည်။ထို​ကြောင့် တစ်ချိန်တည်းတွင် ည ရပ်ကွက်နှင့် င ရပ်ကွက်ရုံးများ ဗုံးတိုက်ခိုက်ခံရခြင်းဖြစ်သည်၊

Public Service Announcement
Public Service Announcement

ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကိုဆက်လက်အရှိန်မြင့်တိုက် ခိုက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗုံးပေါက်ကွဲသံကျယ်လောင်ခဲ့​သော်လည်း ထိ့ခိုက်မှု ကြီးကြီးမားမားမရှိ​ကြောင်း​ဒေသခံများက​ပြောသည်။

ထို့အပြင် ယနေ့နံနက် ၅ နာရီ ၄၀ ခန့်ကလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာအား အတိအကျမသိရသေးပေ။